Part 16

6.7K 214 2
                                    

ခွန်တို့နှစ်ယောက်..မနက်အိပ်ယာနိုးတော့

"နိုးနေရင်လည်း..ထတော့လေ..မောင်"

"မ လည်း..ထတော့လေ..မောင့်ကိုပဲထခိုင်းမနေနဲ့"

"ကျွန်မ မထနိုင်လို့မထတာ..ညကရှင်လေး..တော်တော်ဆိုးတယ်"

"အဲဒါ..မ ကို ချစ်လို့ပါ..မရယ်..လာ..ထ.ရေချိုးခန်းထဲ.မောင်ချီသွားမယ်..ရေနွေးလေးနဲ့ရေချိုးလိုက်"
ရေချိုးခန်းထဲ မ ကို ချီသွားပြီး

"မ အရင်ရေချိုးနှင့်နော်..ပြီးတော့မှ.မောင်.ချိုးတော့မယ်"

မ ရေချိုးပြီးလို့ပြန်ထွက်လာတော့

"မောင်ဒီနေ့ကုမ္ပဏီပိတ်ရက်မဟုတ်လား...အလုပ်ကိစ္စမရှိရင် မေင်နဲ့မ နှစ်ယောက်တည်းdateကြမယ်လေ..မ တို့နှစ်ယောက်တည်းdateရတာ..သိပ်မရှိဖူးဘူး"

မ ပြောတာလည်းဟုတ်ပါတယ်..ခွန်တို့ချစ်သူစဖြစ်ကတည်းက..မ ကလည်း..သူ့လူနာတွေနဲ့သူအချိန်ကုန်..ခွန်ကလည်းကုမ္ပဏီအလုပ်တွေနဲ့ပဲအချိန်ကုန်နေလို့..နှစ်ယောက်တည်းတွေ့ဖြစ်တဲ့အချိန်တွေက..နည်းတယ်

"ဟုတ်ပါပြီ..မောင့်ရဲ့မဟေသီလေးက ဘယ်ကိုသွားချင်လဲ..ဘာလုပ်ချင်လဲ..မောင်..ဒီနေ့တစ်နေ့လုံး..မ ရဲ့bodyguardအဖြစ်နေပေးမယ်"

"မ က မောင်သွားမယ့်နေရာကိုပဲထပ်ချပ်မခွာလိုက်မှာ..မောင်သာ..သွားမယ့်နေရာစဥ်းစားလိုက်"

"ကောင်းပါပြီဗျ..အဲဒါဆို..ရွှေတိဂုံဘုရား..အရင်သွားဖူးမယ်..ပြီးတော့မှ..သွားချင်တဲ့နေရာကိုသွားကြတာပေါ့"

"မောင်..ရေသွားချိုးတော့..တော်ကြာမနက်စာဆင်းမစားရင်..ပါပါးနဲ့မာမားလာခေါ်နေရအုံးမယ်"

ခွန်ရေချိုး..အဝတ်အစားလဲပြီးတော့..မ နဲ့ အတူတူ မနက်စာစားဖို့..ထမင်းစာသခန်းကိုရောက်တော့

"သားသာနဲ့သမီးလေး..မောနင်း"

"မောနင်း..ပါပါးနဲ့မာမား" လို့နှစ်ယောက်စလုံးပြန်နှုတ်ဆက်ပြီး.မနက်စာစားတော့..

"မာမားပြောစရာရှိလို့..သားနဲ့သမီး"

"ဟုတ်ပြောပါ..မာမား"

မောင့်ရဲ့မဟေသီWhere stories live. Discover now