Part 5

5.2K 267 0
                                    

"Good Morning ဖေဖေနဲ့မေမေ"

"Morning သမီး   သမီးမမကော ဆင်းလာပြီလား"လို့ဖေဖေနဲ့မေမေ မေးတော့ မမက

"သမီးလာပါပြီဖေဖေနဲ့မေမေ သြော်..မေမေ  မေမေ့ကိုသမီးပြောစရာရှိလို့  မနေ့ကညီမလေးကိုဆေးရုံမှာသွားကြိုတော့ ညီမလေးမလာခင်သမီးကားပါကင်နေရာထိုးနေတော့ မေမေ့သူငယ်ချင်းအန်တီမြသွေးကို ညီမလေးတို့ဆေးရုံကားပါကင်မှာတွေ့ခဲ့တယ်" အန်တီမြသွေးအကြောင်းမမပြောနေတော့ကိုယ်လည်း မောင့်အကြောင်းများပါမလားဆိုပြီး ကော်ဖီသောက်ရင်းနားစွင့်နေလိုက်တယ်

"သမီးကြီး..မသိသေးဘူးထင်တယ် အန်တီမြသွေးနဲ့မေမေ ဟိုတလောကမှပြန်ဆုံတာ အန်တီမြသွေးကသမီးငယ် အချိန်ပိုင်းသွားထိုင်တဲ့ဆေးရုံက ဆေးရုံအုပ်လေ"

"အဲဒါကြောင့်တွေ့လိုက်တာကိုး..ပြီးတော့..ကားပါကင်မှာသူ့ကိုကောင်လေးတစ်ယောက်လာကြိုတာတွေ့တယ်..သူ့မှာနန္ဒမောင်ဆိုတဲ့သမီးပဲရှိတာမဟုတ်လား"

"အဲဒါ..နန္ဒမောင်ဖြစ်မယ် သူ့အမေပြောတာ..သူကUKမှာကျောင်းသွားတက်ရင်းခွဲစိတ်ပြုပြင်ထားတာလို့ပြောတယ် သမီး"

နန္ဒမောင်အကြောင်းပြောတော့မောင်လေးကစိတ်ဝင်တစားနားထောင်နေတဲ့ကိုယ့်ကိုကြည့်ပြီး မေမေတို့ကို "ဖေဖေနဲ့မေမေ နန္ဒမောင်တို့မိသားစုကို တစ်ခါလောက်အိမ်လည်ဖိတ်လိုက်ပါလား"မမလေးရေ..မမလေးကို မောင်လေးကိုယ်တိုင်ကူညီမှရတော့မယ်

မေမေက "သားအကြံမဆိုးဘူး ဒီတစ်ပတ်တနင်္ဂနွေ အိမ်လည်ဖိတ်လိုက်ကြတာပေါ့"

.........................

"မာမားသားလေးရေ..ဆင်းလာခဲ့တော့  ကုမ္ပဏီမသွားခင် ကော်ဖီသောက်သွား သားပါပါးတောင် ပြင်ဆင်လို့ပြီးနေပြီ"

"သား လာပါပြီမာမား ဒီနေ့ကကုမ္ပဏီမှာပထမဆုံးအလုပ်ဝင်ရမှာဆိုတော့..စိတ်လှုပ်ရှားနေလို့...ဘုရားရှိခိုးပြီးတရာထိုင်နေလို့ပါ"

"ပါပါးသားလေးကလည်း..ပါပါးတစ်ယောက်လုံးရှိတယ် စိတ်လှုပ်ရှားမနေပါနဲ့"လို့ပါပါးပြောမှ နည်းနည်းစိတ်အေးနိုင်တော့တယ်
"သားတို့ကော်ဖီသောက်ပြီးသွားကြတာပေါ့"
..........................
ကုမ္ပဏီကိုရောက်တော့ ပါပါးကဝန်ထမ်းတွေနဲ့ကုမ္ပဏီလူကြီးမင်းတွေကို "အားလုံးပဲ သူက ဒီနေ့အသစ်ရောက်လာတဲ့ မန်နေဂျင်းဒါရိုက်တာ"လို့ပြောလိုက်တော့ "မင်္ဂလာပါ ကျွန်တော့်နာမည်က ခွန်နန္ဒမောင်ပါ"လို့ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်တယ်

မောင့်ရဲ့မဟေသီWhere stories live. Discover now