Part 6

5.3K 284 2
                                    

အိမ်ထဲကိုရောက်တော့ ပါပါး.မာမားတို့နဲ့စကားပြောနေတဲ့သူတွေကိုကြည့်လိုက်တော့..ကိုယ့်ကိုအံသြတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့..အစ်မစုလဲ့ကို အရင်တွေ့လိုက်ရတယ်... တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အံ့သြတဲ့အကြည့်တွေနဲ့ကြည့်နေကြတုန်း

မာမားက "ခွန်လေး...ဒီမှာလာထိုင်လေ..ဘာရပ်လုပ်နေတာလဲ ဒီအန်တီနဲ့ဦးက မာမားဟိုနေ့ကပြောတဲ့သူတွေလေ သားမှတ်မိတယ်မဟုတ်လား"

"ဟုတ်..ဟုတ်..ဟုတ်ကဲ့မာမား" ဆိုပြီးစကားတွေလည်း..ထစ်တဲ့အထိအံသြရတယ်

စုလဲ့လည်း အိမ်ရှေ့မှာ ကားဝင်လာလို့ စုံစုံ့ကိုသွားကြိုခိုင်းလိုက်တော့...အိမ်ထဲကိုဝင်လာတဲ့...ကိုယ်စောင့်မျှော်နေရတဲ့မောင်ဆိုတဲ့..လူသားက ခွန်ဆိုတဲ့တစ်ယောက်ဖြစ်နေတော့..တော်တော်အံသြသွားတယ်

မမရဲ့အမေက "လာပါအုံး..အန်တီတို့က အပြင်မှာတွေ့ရင်မင်းကိုမှတ်မိမှာမဟုတ်ဘူး ချောလာလိုက်တာ တကယ့်ယောက်ျားလေးအတိုင်းပဲ"

"ဟုတ်ပ..ငယ်ငယ်တုန်းက သူ့ပါပါးနဲ့မာမားကို ကိုယ်တို့ရဲ့သမီးလေးကို ချစ်လို့တောင်းပေးပါလို့ပြောတုန်းကနဲ့ တခြားစီပဲ"လို့မမရဲ့အဖေကပြောတော့..ခွန်နဲ့မမနှစ်ယောက်လုံး ခရမ်းချဥ်သီးမျက်နှာဖြစ်နေပြီ..

မမရဲ့အစ်မက "ဘယ်လိုဖြစ်ပြီး..နန္ဒမောင်ကနေ..ခွန်နန္ဒမောင်ဖြစ်သွားရတာလဲ "လို့မေးတော့

မာမားက "မိုးကုတ်ကိုပြောင်းတော့..သူ့ကိုသူ့ဖိုးဖိုးက ကျောင်းသွားအပ်ရင်းနဲ့သူ့ဖိုးဖိုးနာမည်ပါအောင်..ရှေ့ကခွန်တစ်လုံးထပ်ထည့်လိုက်တာ အဲဒါနဲ့ကျောင်းနာမည်ကစပြီး ခွန်နန္ဒမောင်ဖြစ်သွားတာ "

လူကြီးတွေရှေးဟောင်းနှောင်းဖြစ်စကားပြောနေကြတော့ စုလဲ့လည်းခြံထဲမှာ သွားထိုင်နေလိုက်တယ်

မမ ထသွားတော့ ခွန်လည်းအနောက်ကနေလိုက်သွားပြီး "မမ"လို့ခေါ်လိုက်တော့

"ဘာပြောမလို့လဲခွန်..ပြောလေ"

"မမကို ခွန်နေ့တိုင်းသတိရနေတာ...ခွန်၁၀တန်းရောက်တော့..မမတို့ရဲ့အရင်ကအိမ်လိပ်စာကိုသွားရှာတော့..မမတို့ကအိမ်ပြောင်းသွားတာကြာပြီတဲ့..အဲ့နောက်ပိုင်းခွန်လည်း..နိုင်ငံခြားကိုသွားခဲ့တာ..လွန်ခဲ့တဲ့သုံးလလောက်ကမှပြန်ရောက်တာ"

မောင့်ရဲ့မဟေသီWhere stories live. Discover now