Part 20

5K 204 3
                                    

ခွန်တို့နှစ်ယေက်အိမ်ပြန်ရောက်တော့ အိမ်မှာ မမရဲ့ မိသားစုတွေအားလုံးလည်းရောက်နေကြတယ်

"သားနဲ့သမီး..ပြန်လာပြီ...ကံကောင်းလို့ပေါ့ကွယ်..မဟုတ်ရင်မေမေတို့အခုချိန်ဘယ်သွားရှာရမှန်းသိမှာမဟုတ်ဘူး"

"ဟုတ်ကဲ့...အားလုံးကိုစိတ်ပူအောင်လုပ်မိလို့..တောင်းပန်ပါတယ်"

"မဟုတ်တာပဲကွယ်"

"ပါပါးကိုလည်း..မတွေ့ပါလား...ပါပါးရဲ့ဉာဏ်ကောင်းမှုကြောင့်..သားတို့လွတ်လာတာ"

"သားပါပါး...ရဲစခန်းကိုလိုက်သွားတယ်...တဖက်ကလည်းသူ့ညီ..တစ်ဖက်ကလည်းသူ့သားဆိုတော့..သားပါပါးလည်းစိတ်ညစ်နေမှာပဲ"

ခွန်တို့စကားပြောနေတုန်း ဦးကြီးက

"အိမ်ရှေ့မှာဧည့်သည်ရောက်နေတယ်..ခြံတံခါးဖွင့်ပေးဖို့ကိုလည်းပြောနေတယ်"

"ဘယ်သူလဲ..ဦးကြီး"

"သခင်လးရဲ့..ဒေါ်လေး"

"ဖွင့်ပေးလိုက်ပါ..ဦးကြီး"ဘာတွေပြောအုံးမလဲမသိဘူး

ဦးကြီးခြံတံခါးဖွင့်ပေးတော့..တီလေး..အိမ်ထဲကိုဝင်လာပြီး

"ခွန်နန္ဒမောင်...နင်ကငါ့အကိုကို အဖမ်းခံရအောင်လုပ်တယ်...သူကနင့်ရဲ့ဦးလေးအရင်း..သူစိမ်းမဟုတ်ဘူး..နင်တို့သားအဖတွေက..ကိုယ့်သွေးသားအရင်းကိုတောင်..ဖမ်းခိုင်းတယ်" လို့ ပြောတော့..အားလုံးကခွန်တို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြပြီး

"တီလေးရဲ့အကိုကျွန်တော့်အပေါ်..လုပ်ခဲ့တာကျ..ဘာတစ်ခုမှမပြောဘူး..အခုအဖမ်းခံရမှ..ကျွန်တော်တို့သားအဖအပြစ်ပေါ့..ဟုတ်လား"

"နင့်အသက်သေတာမှမဟုတ်တာ...နင်ကဒီလောက်လေးတောင်ကိုယ့်ဦးလေးကိုခွင့်မလွှတ်ပေးနိုင်ဘူးလား...မင်းရဲ့ညီမလေးကိုထည့်စဥ်းစားပေးအုံး"

စုလဲ့..မောင့်ကိုကြည့်လိုက်တော့..မောင့်မျက်နှာမှာ..ဒေါသလွှမ်းမိုးသွားပြီး

"တီလေး..ဘယ်တုန်းကကျွန်တော့်အပေါ်မှာ..စိတ်ပူပေးခဲ့ဘူးလဲ..ငယ်ငယ်ကကျွန်တော်နဲ့ညီမလေးနဲ့အတူတူကစားနေလို့..တီလေး..မုန့်ခေါ်ကျွေးရင်..ညီမလေးတစ်ယောက်တည်းကိုပဲခေါ်ကျွေးတယ်...ပါပါး..စိတ်ဆင်းရဲမှာစိုးလို့ ကျွန်တော်ဘာမှမပြောခဲ့ဘူး...ကျွန်တော့်ကိုမာမားဘက်ကအမျိုးတွေနဲ့စိတ်ဝမ်းကွဲအောင်အမြဲတမ်းလုပ်တယ်...ကျွန်တော်ကလည်းမာမားဘက်ကအမျိုးတွေကို..တီလေးတို့ပြောသလိုဘယ်တုန်းကမှ..မလုပ်ခဲ့ဘူး...မာမားဘက်ကအမျိုးတွေကအမြဲတမ်းကျွန်တော့်အပေါ်ကောင်းခဲ့တယ်...အခုလည်း...တီလေးက..ညီမလေးကိုထည့်စဥ်းစားပေးဆိုတော့...တီလေးထွက်သွားတော့...တီလေးထွက်မသွားရင်ကျွန်တော်သွားမယ်"

မောင့်ရဲ့မဟေသီWhere stories live. Discover now