Part 8

5.1K 270 2
                                    

"သမီးကတော့..လက်ထပ်ဖို့အတွက် ခွန်နဲ့ အရင်တိုင်ပင်လိုက်အုံးမယ် မေမေ"

"အင်းပါ..သမီးတို့နှစ်ယောက် အရင်တိုင်ပင်လိုက်ကြအုံး"

"ဟုတ်မေမေ..သမီးအပေါ်တက်နားတော့မယ်..ညစာစားလာခဲ့ပြီ"

"အင်း...သမီး..သွားနားတော့"စုလဲ့အိမ်ပေါ်တက်လာတော့..ဖေဖေနဲ့မေမေ ဧည့်ခန်းထဲမှာကျန်ခဲ့ပြီး...အခန်းဝရောက်တော့.မောင်လေးက

"ဟိတ်မမလေး...အခုတလောစိတ်ချမ်းသာနေတယ်ပေါ့"

"အချစ်ရဲ့စွမ်းအားတွေကြောင့်..စိတ်ချမ်းသာရတာပေါ့"လို့ရယ်ပြီးပြောတော့

"အဲဒါ..မောင်လေးရဲ့ကျေးဇူးကြောင့်နော်...မောင်လေးသာမကူညီရင် မမအခုချိန်ဟိုလူ့ကိုလက်ထပ်နေရပြီ"

"အင်းပါ..ကျေးဇူးတင်ပါတယ်ငါ့မောင်လေးရယ်"

မောင်လေးသာမကူညီရင် မမအခုချိန်..ကိုယ်မချစ်တဲ့သူနဲ့လက်ထပ်နေရပြီ
....................
🎼🎼🎼📱

"Hello Felix မနက်စောစောစီးစီးသူများအိပ်နေတာကိုကွာ..ဘာကိစ္စလဲ"

"Helloခွန်... ဒီနေ့ငါတို့သူငယ်ချင်းအတွဲတွေ..ရုပ်ရှင်ကြည့်ပြီးလျှောက်လည်မလို့ မင်းနဲ့မင်းမမ လာခဲ့ ငါတို့JCမှာစောင့်နေမယ်"

"အင်းပါ..လာခဲ့မယ်...အခုတော့.ငါပြန်အိပ်လိုက်အုံးမယ်"
............

"သားသားရေ..ပါပါးနဲ့မာမားဆီခဏလာအုံး..ပြောစရာရှိလို့"

"ဟုတ်ပါပါး ပြောပါ..သားနားထောင်နေပါတယ်"

"သားနဲ့သမီးစုလဲ့ကို မာမားနဲ့ပါပါး.မြန်မြန်လက်ထပ်စေချင်နေပြီ...သမီးစုလဲ့မိဘတွေကလည်း..သားနဲ့သမီးစုလဲ့သဘောအတိုင်းပါတဲ့..အဲဒါဘယ်တော့လောက်လက်ထပ်ချင်လည်း"

"သားကတော့..မမနဲ့တိုင်ပင်အုံးမယ်"

"တိုင်ပင်မယ်ဆိုလည်း..မြန်မြန်တိုင်ပင်..သားဘကြီးက..ကုမ္ပဏီကိုမျက်စောင်းထိုးနေတာ..သားသိတယ်မဟုတ်လား..သားကိုအိမ်ထောင်ချပေးပြီး.ပါပါးက.ကုမ္ပဏီပါတခါတည်းသားကိုလွှဲပေးလိုက်မှာ..သားအဘိုးဆန္ဒအတိုင်း"

"ဟုတ်ပါပါး...သားအပြင်သွားစရာရှိလို့သွားလိုက်အုံးမယ်"

.................

မောင့်ရဲ့မဟေသီWhere stories live. Discover now