Part 2

6.4K 304 2
                                    

စုလဲ့တို့အဖွဲ့barကိုရောက်တော့...ဇေယျက

"ဒီbarက Unplugged တီးဝိုင်းရှိတာလားမသိဘူး..ငါ့ကောင်မလေးလည်း..ဒီbarကိုလာမှာလို့ပြောတယ်..သူ့သူငယ်ချင်းတွေကTransmanတွေဆိုတော့..ဒီကိုသူခဏခဏလာတယ်လို့ပြောတယ်..ရောက်တော့မှမိတ်ဆက်ပေးမယ်"

"သူ့သူငယ်ချင်းTransmanလေးတွေနဲ့ပါ.ငါတို့ကိုမိတ်ဆက်ပေးလို့..နင့်ကောင်မလေးကိုပြောလိုက်"

"ကောင်မတွေနော်..မရွကြနဲ့"
"နင်သာနှလုံးသားမရှိတဲ့သူ" လို့စုလဲ့ကိုဝိုင်းစကြသည်
.......................

"မန်နေဂျာက အခုတစ်ယောက်ဆိုပြီးရင် ခွန့်အလှည့် အဆင်သင့်လုပ်ထားလို့ခွန့်ကိုလာပြောခိုင်းလိုက်လို့"

"ဟုတ်အစ်ကို" ခွန်လည်းဝန်ထမ်းအစ်ကိုကိုပြန်ပြောပြီးအဆင်သင့်စောင့်နေလိုက်တယ်

ခွန့်အလှည့်ရောက်တော့ခွန်လည်း"အားလုံးပဲမင်္ဂလာပါ ကျွန်တော့်နာမည်က ခွန်ပါ"လို့စတင်မိတ်ဆက်ပြီး ဂစ်တာကောက်ကိုင်ကာ ဦးခင်မောင်ထူးရဲ့ မောင့်ဆေးကျောင်းသူသီချင်းကို စဆိုတော့ အားလုံးရဲ့အကြည့်တွေကခွန့်ဆီမှာ
🎼ရင်ခုန်သံ မင်းနားကြပ်လေးနဲ့နားထောင်ပါအုံး🎼
🎼ဆေးကျောင်းက မောင့်ရဲ့အချစ်ရယ်မောင့်လာကုပေး...အမည်မဖော်နိုင်ရောဂါတစ်ခုလိုကြပ်သိပ်ပြီးမောနေ..မင်းလေးအချစ်ဆေးသစ်လေးနဲ့မောင့်လာကုပေး🎼

စုလဲ့တို့ဝိုင်း၌ "ဟဲ့..ဟိုမှာကြည့်စမ်း သီချင်းဆိုနေတာ.ကောင်လေး.ချောချောလေး.အမယ်လေးသီချင်းနာမည်ကလည်းမောင့်ဆေးကျောင်းသူတဲ့..မောင်ရယ်မမတို့ကဆရာဝန်လေးတွေပါနော်..မမရဲ့အချစ်ဆေးသစ်လေးနဲ့မောင့်ကိုလာကုပေးမှာပေါ့"လို့ဆောင်းသံဇဥ်တစ်ယောက်ကရွှတ်နောက်နောက်နဲ့ပြောနေတော့..စုလဲ့လည်းသီချင်းဆိုတဲ့သူကိုကြည့်လိုက်မိတယ် အသက်ကစုလဲ့တို့ထက်ငယ်မယ့်ပုံပဲ

ဇေယျကောင်မလေးနဲ့သူ့သူငယ်ချင်းအဖွဲ့ရောက်လာတော့ အကြည့်လွှဲလိုက်ပြီးသူတို့နဲ့စကားပြောနေလိုက်တယ် .
ဇေယျကောင်မလေးက"ကျွန်မ နာမည်ကရွှေရုပ်ပါ ကိုဇေယျရဲ့ကောင်မလေး. အင်္ကျီအဖြူနဲ့တစ်ယောက်ကAlvin အနက်နဲ့က Felix
တစ်ယောက်ကျန်သေးတယ် ရောက်တော့မှပဲမိတ်ဆက်ပေးမယ် အစ်မတို့နာမည်ဘယ်လိုခေါ်လဲ
"အစ်မနာမည်က သဇင်"
"အစ်မနာမည်က ဆောင်းသံဇဥ်"
"အစ်မနာမည်က စုလဲ့"

မောင့်ရဲ့မဟေသီWhere stories live. Discover now