Part 7

5.3K 274 4
                                    

🎼🎼📱

"Helloခွန်"

"မမ ခွန် အိမ်ရှေ့မှာရောက်နေပြီ..ထွက်လာခဲ့တော့လေ"

"အင်း..ခွန် မမထွက်လာပြီနော်"  ချစ်ရသူနဲ့အတူတူအလုပ်သွားရတဲ့..မနက်ခင်းလေးဟာလှမနေခဲ့တယ်
🚗🚗

"သဇင်ဖုန်းဆက်တယ်...ခွန်တို့သူငယ်ချင်းတွေနဲ့မမတို့သူငယ်ချင်းတွေ ဒီနေ့ညနေcoffeeဆိုင်မှာ ချိန်းထားတယ်တဲ့ "

"ဟုတ်လား..ခွန်လည်းဘာမှမသိရပါလား..အဲ့ကောင်တွေခွန့်ဆီဖုန်းလည်းမဆက်ဘူး မမ"

"ခွန်..မအားဘူးထင်လို့မဆက်တာနေမှာပေါ့...မမသွားတော့်မယ်..ညနေ၄နာရီခွဲကျ လာကြိုနော်"

"ဟုတ်ကဲ့မမ bye"
🎼🎼📱

"Hello ဟေ့ကောင် alvinပြော"

"ဘာအလိုမကျဖြစ်နေသလဲ သခင်လေးခွန်"

"ဘာမှမဖြစ်ပါဘူး...မင်းတို့ဘာအကွက်တွေရွှေ့နေလဲငါသိတယ်နော်...မင်းတို့နှစ်ယောက်နဲ့မသဇင်နဲ့မဆောင်းသံဇဥ်က ဘာတွေလဲ"

Alvinက ရယ်ပြီး "စိတ်လျော့ပါ..သခင်လေးခွန်..ညနေကျcoffeeဆိုင်မှာတွေ့မယ်..အဲ့တော့မှပြောပြမယ်"

"အဲဒါဆိုလည်း..ဒါပဲဟေ့ကောင် ညနေကျတွေ့မယ်"
..............................

ညနေ 4နာရီခွဲတော့...မမကိုဆေးရုံရှေ့မှာစောင့်နေလိုက်တယ်...မမထွက်လာတော့

"Sorryခွန်..မမ နည်းနည်းနောက်ကျသွားတယ်...သူတို့နဲ့ချိန်းထားတဲ့coffeeဆိုင်ကိုပဲသွားလိုက်တော့"

"ဟုတ်မမ" လို့ပြောပြီးcoffeeဆိုင်ကို ကားမောင်းထွက်လာခဲ့တယ်.

ဆိုင်ရှေ့ရောက်တော့ "မမအရင်ဝင်သွားလိုက်နော်..ခွန်..Carparkingထိုးဖို့နေရာလိုက်ရှာပြီးမှလာခဲ့မယ်"

"အင်းပါ..ခွန်..မမသွားနှင့်မယ်နော်"လို့ပြောပြီးမမက ကော်ဖီဆိုင်ထဲဝင်သွားတယ်

ခွန်Carparkingထိုးပြီး..ကော်ဖီဆိုင်ထဲဝင်လို့ ဆိုင်ထဲရောက်ရော.. Felixက

"ခွန်သခင်လေး..ရောက်လာပြီလား ကျွန်တော်မျိုးတို့ကိုအဘယ်ကြောင့် ရွှေစိတ်တော်ညှိုးနေပါသလဲ မိန့်တော်မူပါ" လို့စတော့ မမ အပါအဝင်အားလုံးက ခွန်နဲ့felixကိုကြည့်ပြီးရယ်နေကြတယ်

မောင့်ရဲ့မဟေသီWhere stories live. Discover now