Part 12

4.5K 217 1
                                    

စုလဲ့ မောင့်လက်ကလေးကို..ကိုင်ထားသည်မှာအချိန်အတော်ကြာပြီ မောင်တစ်ယောက်ဘယ်လောက်တောင်အလုပ်ပင်ပန်းထားလဲမသိဘူး..မျက်နှာလေးကချောင်ကျနေတာပဲ...
စုလဲ့လည်း..အိပ်ချင်လာလို့အခန်းအပြင်ခဏလမ်းလျှောက်ထွက်တော့..ဆေးရုံဝန်ထမ်းတွေအချင်းချင်း

"ဟဲ့..ဆေးရုံအုပ်ရဲ့သားက..အလုပ်အရမ်းကြိုးစားတာတဲ့...သူ့အဖေရဲ့Khun Groupဥက္ကဌ​နေရာကိုဆက်ခံဖို့..ကုမ္ပဏီမှာ..သူ့အတွက်အတိုက်အခံတွေများတယ်တဲ့..ဆေးရုံအုပ်ရဲ့အကို..သူ့ဘကြီးက..ဥက္ကဌနေရာကိုလိုချင်နေတာ..ဒီနေ့လည်းကုမ္ပဏီမှာမီးမပြတ်ဘူး..ဓာတ်လှေကားတစ်ခုတည်းမီးပြတ်တာတဲ့...သွေးရိုးသာူရိုးမဖြစ်နိုင်ဘူးတဲ့"

အဲ့ထဲကတစ်ယောက်က "နင်ကဘယ်လိုသိတာလဲ"

"ဆေးရုံအုပ်ရဲ့ယောက်ျား..Khun Groupဥက္ကဌရဲ့အတွင်းရေးမှူးက ငါ့အစ်မလေ..သူငါ့ကို ဆေးရုံအုပ်ရဲ့သားဘယ်လိုနေသေးလဲလှမ်းမေးရင်းနဲ့ပြောပြတာ"ဆိုပြီးပြောနေကြတော့

မောင်ရယ်..မောင်..တော်တော်စိတ်ပင်ပန်းနေမှာပဲနော်..မ က အဲဒါကိုမသိပဲ..မောင် က မ ကိုပစ်ထားတယ်ဆိုပြီး မ က မောင့်အပေါ်စိတ်ကောက်နေမိတယ်

မနက်ရောက်တော့မောင့်ပါပါးနဲ့မာမားရောက်လာပြီး

"သမီးစုလဲ့..ဆေးရုံမှာdutyပြန်ဆင်းရအုံးမှာမဟုတ်လား..အန်တီတို့စောင့်လိုက်ပါ့မယ်"

"သမီးကိုအန်ကယ်လ်တို့ကျေးဇူးတင်ပါတယ်နော်"

"သမီးကိုကျေးဇူးတင်စရာမလိုပါဘူး သမီးဒီနေ့ဆေးရုံကိုခွင့်တင်ထားတယ်..မောင့်ဘေးနားမှာပဲနေချင်လို့..ခဏနေကျရင်..ဖေဖေနဲ့မေမေတို့လိုက်လာကြပြီးသမီးအတွက်လိုအပ်တဲ့ပစ္စည်းတွေ..လာပို့ပေးမှာ..အန်ကယ်လ်လည်း..ကုမ္ပဏီကိုသွားစရာရှိတာသွားပါ"

"အဲဒါဆိုကောင်းပါပြီ...သမီးအန်တီတော့ဆေးရုံမှာရှိနေပေးလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

"သမီး..အန်တီ့ကိုအန်တီလို့ခေါ်နေအုံးမှာလား...ခွန်ခေါ်သလိုမာမားလို့ပဲခေါ်တော့"

"ဟုတ်ကဲ့မာမား"
မောင့်မာမားကသူ့ကိုမာမားလို့ပဲခေါ်တော့လို့ပြောနေပြီ...မောင်ရေ..သတိရပါတော့

မောင့်ရဲ့မဟေသီWhere stories live. Discover now