Part 19

4.4K 206 5
                                    

သူကုမ္ပဏီရှယ်ယာတွေဘယ်က ရတာလဲလို့မေးလိုက်တော့..ပါပါးက

"ကိုယ့်ရှယ်ယာနည်းနည်းသူ့ကိုလွှဲပေးမိတာ..သူ့မှာအဲ့လိုလောဘရှိမှန်းကိုယ်မသိလို့ပါ"

"တော်ပြီ...ရှင်နဲ့ဘာမှမပြောချင်ဘူး...သားသားငယ်ငယ်ကတည်းက..ရှင့်ညီနဲ့ညီမက..သားသားနဲ့ကျွန်မ အမျိုးတွေကို..စိတ်ဝမ်းကွဲအောင်သွေးခွဲတယ်...ကျွန်မဘာမှမပြောခဲ့ဘူး..အခုဟာက..ရှင့်ညီက တော်တော်တရားလွန်နေပြီ"

ခွန်..ပါပါးကိုကြည့်လိုက်တော့..မျက်နှာငယ်လေးနဲ့မာမားပြောသမျှခံနေရှာတယ်

မမက "မောင်..မာမားတို့ဘာဖြစ်နေတာလဲ..မောင့်မျက်နှာလည်းမကောင်းဘူး...ကုမ္ပဏီမှာဘာတွေဖြစ်လာကြတာလဲ" ဆိုပြီး..ခွန့်လက်ကို..ကိုင်ပြီးမေးတော့...

ခွန်လည်း..အကြောင်းစုံပြောပြလိုက်တော့

"မောင့်ဦးလေးက.အဲ့လိုအကြံရှိလိမ့်မယ်လို့.မထင်ရဘူးနော်... မောင့်ဘဘက ကုမ္ပဏီကိုလိုချင်လိမ့်မယ်လို့..မ တို့က ထင်ခဲ့မိတာ"
.............,.......

ဒီနေ့ကုမ္ပဏီပိတ်ရက်နဲ့ မမ ဆေးရုံduty offတဲ့ရက်မို့..ခွန်နဲ့မမ မနက်စောစော..မမရဲ့ဆရာမ နေတဲ့.တိုက်ကြီးမြို့ဘက်ကို..သွားတော့..မှော်ဘီနဲ့တိုက်ကြီးမြို့ကြားမှာ

"မောင်..မ တို့ နောက်ကိုကားတစ်စီးလိုက်နေတယ်... မ ပါပါးတို့ကိုဖုန်းလှမ်းဆက်အုံးမယ်"
စုလဲ့လည်းမောင့်ပါပါးတို့ကိုဖုန်းလှမ်းဆက်တော့

"Hello ပါပါး"

"သမီးလေး..ပြောလေ"

"သမီးတို့ကားနောက်ကို...ကားတစ်စီးလိုက်နေတယ်"

"ဟင်...သမီးတို့အခုဘယ်မှာလဲ"

"မှော်ဘီနဲ့တိုက်ကြီးမြို့ကြားမှာ..ပါပါး..မောင်ကတော့..ကားကိုပဲအာရုံစိုက်မောင်းနေတယ်"

"သားသားဖုန်းကိုGPSဖွင့်လိုက်...သားသားဖုန်းနဲ့ပါပါးဖုန်း.GPSချိတ်ထားတယ်"

"မောင်...မောင့်ဖုန်းကိုGPSဖွင့်လိုက်တဲ့"

"သမီး...သမီးတို့နောက်ကိုလိုက်လာတဲ့ကားနံပါတ်နဲ့အမျိုးအစားပြော...သမီးတို့နောက်ကိုသူတို့လိုက်လာတာ..သမီးတို့ရိပ်မိတယ်ဆိုတဲ့အရိပ်အယောင်မပြနဲ့"

မောင့်ရဲ့မဟေသီWhere stories live. Discover now