Part 18

4.3K 207 2
                                    

ခွန်တို့မိသားစု မိုးကုတ်မြို့အိမ်တော်ကိုရောက်တော့ ခွန့်မာမားက မျက်ရည်တွေဝဲပြီး ငိုနေပြီ..ပါပါးကမာမားကိုဖက်ထားရင်း

"ငိုမနေနဲ့တော့.မင်းငိုနေရင်မင်းအကိုကြီးလည်းစိတ်ကောင်းမှာမဟုတ်ဘူး..မင်းရဲ့အကိုကြီးဆီဝင်တွေ့ကြတာပေါ့"

"မာမား..သားတို့ဘဘရဲ့အခန်းထဲမှာ..ဘဘကိုသွားတွေ့ကြတာပေါ့.."

ခွန်လည်းဘဘရဲ့အခန်းကိုဝင်လိုက်တော့...ဘဘကအိပ်ယာထဲမှာလှဲနေတယ်

"ဘဘ..သားတို့လာတယ်.မာမားလည်းပါလာတယ်" လို့ပြောလိုက်တော့..သူရဲ့ညီမကိုမျက်ရည်တွေနဲ့လှမ်းကြည့်နေရင်း ငိုနေတယ်

"အကိုကြီးရယ်..ညီမလေးတောင်းပန်ပါတယ်..အဖေနဲ့အကိုကြီးကိုအထင်လွဲခဲ့မိတယ်ညီမလေးတို့နဲ့ရန်ကုန်ကိုလိုက်ခဲ့ပါနော်..အကိုကြီးကိုပြုစုပေးချင်လို့ပါ"

"ဘဘရယ်..သားတို့နဲ့လိုက်ခဲ့ပါနော်...ကိုကိုစစ်မင်းမဆုံးခင်အချိန်က..ဘဘကိုစောင့်ရှောက်ပေးပါလို့သားကိုမှာသွားတယ် ဘဘနေကောင်းတဲ့အထိသားတို့စောင့်ရှောက်ပေးပါရစေ"လို့ပြောလိုက်တော့

ဘဘက "ငါနေကောင်းတယ်...ငါနေမကောင်းဘူးလို့ပြောမှ..မင်းအမေမာနခဲကဒီအိမ်တော်ကိုပြန်လာမှာ.မို့လို့..ငါနဲ့အိမ်တော်ထိန်း ကိုစိုင်းခမ်းသီနဲ့ပေါင်းပြီး..ငါနေမကောင်းဘူးလို့ပြောခိုင်းလိုက်တာ"ဆိုပြီး..အိပ်ယာထဲကထ လာပြီး..မာမားကို

"နင်တော်တော်နေနိုင်တယ်နော်..အဖေဆုံးတော့လည်းပြန်မလာဘူး..ဒီအိမ်တော်အရိပ်တောင်..မနင်းနဲ့လို့အဖေပြောလိုက်တဲ့စကားကြောင့်...နင်ကဒီအိမ်တော်..အရိပ်တောင်..မနင်းခဲ့ဘူး..အဖေကတော့..နင်တို့ကိုအဲ့လိုပြောပြီးတဲ့နေ့ကစပြီး..ဆုံးတဲ့အချိန်အထိ..နင်တို့အကြောင်းတွေပဲပြောနေခဲ့တာဟ"လို့ဘဘကမာမားကိုဖက်ပြီးငိုနေတယ်

"ညီမလေးမှားပါပြီ...အဖေ့ကိုလည်းစိတ်ဆိုပြီး..အဖေဆုံးတော့ပြန်မလာခဲ့မိဘူး...အဖေဂေ..အဖေ့သမီး..မြသွေးမောင်..အဖေ့အိမ်တော်ကိုအဖေဆုံးပြီးမှပြန်လာခဲ့တဲ့အတွက်ခွင့်လွှတ်ပါ"

မောင့်ရဲ့မဟေသီWhere stories live. Discover now