Part 4

5.3K 278 4
                                    

စုလဲ့လည်း..မောင်လေးအိမ်အောက်ကိုဆင်းပြီးသွားပြောမယ်ဆိုလို့..အိမ်အပေါ်ထပ်လှေကားထစ်ကနေ..အိမ်အောက်ကိုကြည့်လိုက်တော့  

"ဒီကလူကြီးမင်းတို့ခင်ဗျ...ကျွန်တော့်နာမည် ဉာဏ်လင်းထက် လို့ခေါ်ပါတယ်ကျွန်တော်က ဦးထက်မြတ်နဲ့ဒေါ်မျိုးမျိုးခိုင်တို့ရဲ့သားပါ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပါရစေ ဒီကဒေါက်တာဟိန်းဇေနဲ့ကျွန်တော့်အစ်မကိုမပေးစါးးနိုင်ပါဘူး..ဒေါက်တာဟိန်းဇေလိုအဖက်ဖက်ကပြည့်စုံတဲ့သူတစ်ယောက်ကို အားတော့နာပါတယ်"လို့ပွင့်ပွင့်လင်းလင်းပြောချလိုက်တော့...တောင်းရမ်းဖို့လာကြတဲ့လူကြီးတွေလည်း..အံ့သြကုန်ကြပြီး ဦးထက်မြတ်က " အားလုံးကိုကျွန်တော်တောင်းပန်ပါတယ်ဗျ..ကျွန်တော့်သားသမီးတွေကိုသေချာမဆုံးမခဲ့တဲ့ကျွန်တော့်အပြစ်ပါ"

"ရပါတယ် ဦးလေး..ဦးလေးအပြစ်မဟုတ်ပါဘူး ဒီညီလေးကသူ့အစ်မကိုချစ်လို့ ဘယ်သူ့ကိုမှမပေးနိုင်တာ ကျွန်တော်တို့နားလည်ပါတယ်ဗျ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါ" မင်းကိုတော့..သဘောကျသွားပြီချာတိတ်ရေ..

ဧည့်သည်တွေပြန်သွားတော့ဖေဖေလည်းဒေါသထွက်ပြီး "ငါ့ကိုအရှက်ခွဲရတာကျေနပ်ကြလား ငါ့အသိုင်းအဝိုင်းနဲ့မင်းတို့အမေ အသိုင်းအဝိုင်းမှာ ဘယ်လိုမျက်နှာပြရမလဲ ဆရာကြီးထက်မြတ်ရဲ့သားသမီးတွေက အရိုင်းအစိုင်းတွေပါလို့ ပြောစရာတွေဖြစ်ကုန်ပြီ"

"စိတ်ထိန်းပါ ဖေဖေရယ်..မောင်လေးနဲ့ညီမလေးကို သမီးဆုံးမပေးပါ့မယ်"

"သားတို့တောင်းပန်ပါတယ် ဖေဖေ မမလေးကို သူချစ်တဲ့သူနဲ့ပဲလက်ထပ်စေချင်လို့ပါ"
.....................................

"သားသားရေ..သားသား...ပါပါးဆီကိုလာအုံး"လို့ပါပါးလှမ်းခေါ်တော့

"ဗျာ..ပါပါး..သားကိုဘာပြောမလို့လဲ"

"နောက်တစ်ပတ်ကစပြီး...ကုမ္ပဏီမှာအလုပ်ဝင်တော့...သားသားနာမည်နဲ့ကုမ္ပဏီရှယ်ယာတွေ..ဒီအတောအတွင်း..ပါပါးဝယ်ပေးထါးတယ် သားသားကိုMDရာထူးပေးဖို့အတွက် ကုမ္ပဏီမှာအတိုက်အခံဖြစ်နေမှာစိုးလို့"

မောင့်ရဲ့မဟေသီWhere stories live. Discover now