Part 15 🌚

10.9K 274 4
                                    

ခွန်..မနက်အိပ်ယာနိုးတော့..ဘေးနားမှာ မ မရှိတော့ဘူး..ခွန်လည်းမျက်နှာသစ်ပြီး..မနက်စာစားဖို့..အောက်ကိုဆင်းတော့..မီးဖိုခန်းထဲမှာ ပါပါး..မာမားတို့နဲ့အတူ မ က မနက်စာစားဖို့ရောက်နေပြီ

"မ မောင့်ကိုလည်းမစောင့်ဘူး"

"သား..မမက..ဒေါ်ကြီးနဲ့အတူတူ မာမားတို့စားဖို့မနက်စာပြင်နေတာ..အခုမှပြီးတာ" လို့မာမားကပြောလိုက်တော့.

"ရှင်သာအိပ်ပုတ်ကြီးပြီး..မနိုးတာ"လို့မမကနှုတ်ခမ်းစူပြီးပြောတော့

"သား..ဒီနေ့ကုမ္ပဏီမှာအစည်းအဝေးရှိတယ်နော်..သားဘကြီး..မတက်ရောက်ဘူးလို့တော့ပြောတယ်..မနက်စာစားပြီးပါပါးအရင်သွားနှင့်မယ်"

"ဟုတ်ပါပါး..မနက်စာစားကြတာပေါ့ "

"သမီးစုလဲ့ရဲ့လက်ရာ.ပသျှူးထမင်းကြော်က စားလို့ကောင်းသားပဲ"

"သား..မိန်မရွေးတာ..တော်တယ်နော်"

"ဟုတ်ပါပြီဗျာ စားကြတာပေါ့"
ချစ်ရသူနဲ့အတူတူ..မနက်စာစားရတာကလည်း ခွန့်အတွက်တော့..မင်္ဂလာတစ်ပါးပဲ"
မနက်စာထမင်းစားပြီးတော့

"ပါပါးသွားတော့မယ်နော်...မင်းမာမားနဲ့မင်းမမက ဒီနေ့ဆေးရုံမသွားကြဘူး..Shopping ထွက်ကြမှာ"

"ဟုတ်ပါပါး.. သွားတော့"
.......................

အလုပ်သွားဖို့အဝတ်အစားလဲနေရင်း

"မောင်..လာ..မ မောင့်ရဲ့Shirtကြယ်သီးတပ်ပေးမယ်" အလုပ်သွားဖို့ပြင်ဆင်ပေးပြီးတော့

"မောင်..အလုပ်တွေအရမ်းအလွန်အကျွံမလုပ်နဲ့..မောင်အလုပ်မလုပ်လည်း မ က မောင့်ကိုရှာကျွေးနိုင်တယ်"

"မောင်ရဲ့..မဟေသီလေးက..Suggar Mommyလုပ်မလို့လား🤣"

"မောင်နော်..မရယ်နဲ့..လာ..မောင့်ကို အားဖြည့်ပေးလိုက်မယ်"ဆိုပြီးမောင့်ရဲ့နဖူးကိုအနမ်းလေးပေးလိုက်တယ်

ခွန်လည်း..မ ရဲ့နှုတ်ခမ်းလေးကို..နမ်းလိုက်ပြီး "သွားပြီနော်..Bye" ဆိုပြီးကုမ္ပဏီကိုထွက်လာခဲ့တယ်
ကုမ္ပဏီရောက်တော့..ဝန်ထမ်းတွေက

"MD ဒီနေ့အလုပ်လာတယ်နော်..ကျွန်တော်တို့က..အလုပ်မလာနိုင်လောက်ဘူးထင်တာ😁" လို့ခွန့်ကိုနောက်နေကြတယ်

မောင့်ရဲ့မဟေသီWhere stories live. Discover now