Part 17

4.7K 209 4
                                    

ခွန်တို့နှစ်ယောက်ဦးကြီးနဲ့စကားပြောပြီး မ ရဲ့မိဘအိမ်ကိုထွက်လာတော့..အချိန်က 5နာရီထိုးနေပြီ

မ ရဲ့မိဘအိမ်ကိုရောက်တော့..

"ခွန်လေးနဲ့သမီးငယ် လာတယ်ဟေ့" လို့ မ မေမေကပြောလိုက်တော့..မ ရဲ့ မိသားစုဝင်တွေရောက်လာပြီး..ဧည့်ခန်းထဲမှာစကားပြောကြရင်းနဲ့

"ကဲ..ဒီနေ့တော့..မိသားစုစုံတုန်းလေး..ထမင်းလက်စုံစားကြတာပေါ့"လို့ မ ဖေဖေကပြောလိုက်တော့

"ခွန်လေးနဲ့သမီးငယ်..ဒီနေ့ဒီမှာ..အိပ်မှာမဟုတ်လား"

"ဟုတ်ကဲ့မေမေ...ခွန်နဲ့ မ ဒီည.ဒီမှာအိပ်မှာပါဗျ"

"ကဲ..အဲဒါဆိုထမင်းသွားစားကြတာပေါ့"
ထမင်းစားနေရင်း ခွန့်ထမင်းပန်ကန်ထဲ မ က ဟင်းတွေအများကြီးထည့်ပေးတော့

"အငယ်မရေ..တော်ရုံတန်ရုံပဲကောင်းတယ်..ဒီမှာမေမေနဲ့ဖေဖေရှိသေးတယ်လေ..နှစ်ယောက်တစ်ကမ္ဘာထင်မနေကြနဲ့" လို့ မ ရဲ့အစ်မကပြောလိုက်တော့..မ ရဲ့မျက်နှာစူပုပ်သွားပြီး..အားလုံးက..သူ့ကိုပြုံးစိစိနဲ့ကြည့်နေကြတယ်

ထမင်းစားပြီးဧည့်ခန်းထဲမှာ..TVကြည့်နေတော့ မ က သူ့ဖေဖေနဲ့မေမေကို ကပ်ချွဲပြီးတော့..

"မောင်..ဒီနေ့မရဲ့အခန်းထဲမှာ.တစ်ယောက်တည်းအိပ်လိုက်နော်..မ မေမေတို့နဲ့အတူတူအိပ်မလို့"

"ရပါတယ်..အိပ်လိုက်မယ်..အိမ်ပြန်ရောက်တုန်းမေမေတို့နားမှာနေလိုက်"

"ကောင်းပါပြီ...မောင်အိပ်တော့မလား..မ အိပ်ယာခင်းပေးမယ်"

"အိပ်တော့မယ်လေ...ဖေဖေနဲ့မေမေ..ခွန်သွားတက်အိပ်တော့မယ်ဗျ..ဖေဖေတို့သမီးအချွဲလေးကို..ဒီညဖေဖေမေမေတို့နဲ့အတူတူအိပ်ခိုင်းလိုက်ပါ"

"သွားအိပ်တော့..ခွန်လေး..မနက်ကျအိမ်ပြန်ပြီး..ကုမ္ပဏီသွားဖို့အတွက်ပြင်ဆင်ရအုံးမှာ..သွားအိပ်လိုက်"

"ဟုတ်..ဖေဖေမေမေ..မကြီးနဲ့ယောက်ဖ..ကောင်းသောညလေးဖြစ်ပါစေဗျ..ခွန့်ကို..သွားခွင့်ပြုပါအုံး" မ လက်ဆွဲခေါ်လာတဲ့နောက်လိုက်လာခဲ့တယ်

"လာပါအုံ..မောင်..မောင့်ရင်ခွင်ထဲ..မ ခဏနေချင်လို့" လို့ပြောတော့ ခွန်လည်း မ ကို ရင်ခွင်ထဲထည့်ထားပြီးနေလိုက်တယ်...

မောင့်ရဲ့မဟေသီUnde poveștirile trăiesc. Descoperă acum