Part 14

5.1K 225 5
                                    

မောင့်ရဲ့စာကြည့်စားပွဲပေါ်မှာ.ဓာတ်ပုံလေးတစ်ပုံ..မောင်နဲ့ရုပ်ချင်းဆင်တဲ့ကောင်လေးတစ်ယောက်နဲ့မောင်နဲ့အတူ အင်္ဂလန်မှာရိုက်ထားတဲ့ပုံလေး

မောင်ရေချိုးခန်းထဲကပြန်ထွက်လာတော့...

"မောင်..ဒီဓာတ်ပုံထဲကလူကဘယ်သူလဲ" လို့မေးလိုက်တော့ဘာမှပြန်မပြောဘူး.မျက်နှာမကောင်းပဲ..အင်္ကျီဝတ်နေတယ်

"မောင့်မျက်နှာက..ဘာဖြစ်နေတာလဲ..ဘာလဲ မ ကိုပြောပြဖို့ခက်လို့လား"

"အဲ့လိုမဟုတ်ပါဘူး..မောင်ပြောပြပါ့မယ် မ ရေအရင်ချိုးလိုက်အုံး..ညကျဟိုတယ်မှာ..သူငယ်ချင်းတွေကိုညစာလိုက်ကျွေးရအုံးမယ်"

"ရေချိုးပြီးရင်တော့ပြောပြရမယ်နော်"

"ဟုတ်ပါပြီဗျ..ရေသွားချိုးတော့"
စုလဲ့ရေချိုးပြီးထွက်လာတော့..မောင်က အဲ့ဓာတ်ပုံလေးကိုကြည့်ပြီး..မျက်ရည်တွေကျနေတယ်..စုလဲ့လည်းမသိချင်ယောင်ဆောင်ပြီးအပြင်သွားဖို့အတွက် အဝတ်အစားလဲနေလိုက်တယ်

"မ ပြင်ဆင်လို့ပြီးပြီလား...လာ..မောင်ပြောပြမယ်"

"ပြောပြ..အဲဒါဘယ်သူလဲဆိုတာ"

"သူက..မောင့်အကိုဝမ်းကွဲ ခွန်စစ်မင်း မောင့်ဘကြီးရဲ့သား"

"သူကအခုဘယ်မှာလဲ မောင့်ဘကြီးကိုလည်း မ တစ်ခါမှမတွေ့ဖူးဘူး"

"မောင့်အကိုက လွန်ခဲ့တဲ့၅နှစ်က အင်္ဂလန်မှာဆုံးသွားပြီ ဘာလို့ဆုံးသွားတာလဲဆိုတော့ မောင့်ကိုကယ်ရင်းနဲ့ဆုံးသွားတာ"

"ဟင်"

"ဟုတ်တယ်..လွန်ခဲ့တဲ့၅နှစ်က မောင်နဲ့မောင့်အကို အင်္ဂလန်မှာ နှင်းတွေကျနေတဲ့အချိန် မောင်က..ကားလာနေတာ မမြင်ပဲ ကားလမ်းကူးလိုက်တာ..မောင့်အကိုက ကားလာနေတာကိုမြင်တော့..မောင့်ကိုတွန်းထုတ်ပြီးသူကအတိုက်ခံလိုက်တာ..ဆေးရုံမှာနှစ်ရက်လောက်နေပြီးတော့..ဆုံးသွားတာပဲ"

"မောင့်ရဲ့အတိတ် ဒဏ်ရာတွေကိုဆွပြီးမေးသလိုဖြစ်လို့ မ တောင်းပန်ပါတယ်နော်"

"တကယ်ဆိုဒီကုမ္ပဏီက မောင့်အကိုအတွက်ပဲ..မောင့်အကိုဆုံးတော့..ဖိုးဖိုးကမောင့်ဘကြီးကိုရှယ်ယာအကုန်လွှဲပေးခဲ့တာ..မောင့်ဖေဖေက ရှယ်ယာတွေဝယ်စုထားတာများလို့ ဥက္ကဋ္ဌ ဖြစ်လာပြီး..မောင့်ဘကြီးက ဒုဥက္ကဌဖြစ်သွားတာ မောင့်မေမေနဲ့မောင့်ဖိုးဖိုးအဲ့ကိစ္စနဲ့ပတ်သက်ပြီး..စကားများရန်ဖြစ်ကြတယ်..မောင်တို့မိသားစုကိုလည်းသူ့အိမ်အရိပ်တောင်မနင်းနဲ့တဲ့..မောင့်ဖိုးဖိုးဆုံးတော့မောင်တို့မိသားစုမသွားခဲ့ရဘူး..အဲဒါကြောင့်မောင့်ဘကြီးက မောင့်ကိုမကြည်ဖြူတာ..Khun Groupကုမ္ပဏီရှယ်ယာတွေလည်းမောင်တို့မိသားစုမရခဲ့ဘူး...မောင့်ဖေဖေက..အလုပ်အရမ်းကြိုးစားပြီးရှယ်ယာဝယ်စုခဲ့လို့သာ..ဒီကုမ္ပဏီဥက္ကဌနေရာရခဲ့တာ"

မောင့်ရဲ့မဟေသီWhere stories live. Discover now