End

9.5K 277 10
                                    

ခွန်..မနက်ပိုင်းကုမ္ပဏီကိုရောက်တော့..ဝန်ထမ်းတွေကကိုယ့်ကိုကြည့်ပြီး..ပြောနေကြတယ်..ဘာတွေပြောလဲဆိုတာတော့...ခွန်လည်းမကြားဘူး

ခွန်ရုံးခန်းကိုရောက်တော့..အတွင်းရေးမှူးအစ်မက. "MD အဆင်ပြေရဲ့လား"

"အစ်မတို့လည်း..သတင်းတွေကြားပြီးလောက်ပြီပေါ့...ကျွန်တော်အဆင်ပြေပာတယ်..အစ်မ "

"MDအဆင်ပြေရင်..အစ်မလည်းဝမ်းသာပါတယ်"

"ဟုတ်အစ်မ...အစ်မရဲ့ကလေး..နေမကောင်းတာသက်သာပြီလား ကလေးအတွက်လိုအပ်တာရှိရင်ကျွန်တော့်ကိုပြောပါ ကျွန်တော်ကူညီပေးပါ့မယ်"

"သက်သာပါတယ်...ကလေးက.ဦးနှောက်နဲ့အာရုံကြောနဲ့ဆိုင်တာဆိုတော့...MDဇနီးနဲ့ပဲ..ကလေးကိုပြတယ်လေ.MDဇနီးက.လူနာအပေါ်စိတ်ရှည်တယ်.ဆရာဝန်ကြည့်ခ..ပိုက်ဆံလည်းမယူဘူး..FOCပဲလုပ်ပေးတယ်..MDက ဇနီးကောင်းတစ်ယောက်ရထားတာပဲ"

"ဟဲဟဲ..ကျေးဇူးတင်ပါတယ်..အစ်မ"

"ခဏနေရင်..ရှယ်ယာရှင်အစည်းအဝေးရှိတယ်MD..ရှယ်ယာရှင်အစည်းအဝေးပြီးရင်တော့..MDလို့မခေါ်ရတော့ဘူး..ဥက္ကဋ္ဌကြီးလို့ပဲခေါ်ရတော့မယ်" အတွင်းရေးမှူးအစ်မက စနေတော့

"အစ်မကလည်း..ဗျာ"

ကုမ္ပဏီရှယ်ယာရှင်အစည်းအဝေး၌

"MDကို..ဥက္ကဋ္ဌ အသစ်တင်မြှောက်ဖို့..အားလုံးသဘောတူကြပါရဲ့လား"

"တူပါတယ်"

"ကန့်ကွက်မယ့်သူရှိပါသလား"

"မရှိပါဘူး..ကျွန်တော်တို့အားလုံးသဘောတူပါတယ်"

"ဒါဆိုရင်..အခုချိန်က စပြီး...Khun Groupရဲ့ဥက္ကဌက ခွန်နန္ဒမောင် ဖြစ်သွားပါပြီ"

"Congratulations ခွန်နန္ဒမောင်" ရှယ်ယာရှင်တွေကို..လက်ဆွဲနှုတ်ဆက်ပြီး..အစည်းအဝေးခန်းမအပြင်ပြန်ထွက်တော့..ခွန့်ရုံးခန်းရှေ့မှာ လက်ထဲမှာပန်းစည်းကြီးကိုင်ပြီးစောင့်နေတဲ့ မ ခွန်လည်းအံသြပြီးရပ်နေတော့

"Congratulations မောင်"ဆိုပြီးခွန့်ကိုပြေးဖက်တော့..ဝန်ထမ်းတွေက

"MD အဲ ဥက္ကဋ္ဌကြီးတို့ကတော့..ကံကောင်းတယ်ကွာ" လို့. နောက်နေကြတယ်

မောင့်ရဲ့မဟေသီWhere stories live. Discover now