2

2.1K 232 6
                                    

       ၀မ်ကျင်း မျက်လွှာပင့်ကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့ အမျိုးသားအား မြင်လိုက်ရသည်။မူခန္ဓာကိုယ်က အရင်က ယောကျာ်းတွေနဲ့ ဘာမှမပတ်သက်ခဲ့သလို ဒီလူကိုလဲ သေသေချာချာ မကြည့်ခဲ့ဖူးပေ။အခု ၀မ်ကျင်း ကြည့်ကြည့်လိုက်တော့ ထိုလူက အရပ်ရှည်ရှည်နဲ့ ရုပ်ချောလေသည်။ပြီးတော့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်က အတော်လေး သုံးဖက်မြင်လှပနေပြီး ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ပင် သူ့ကိုယ်သူ ဂရုမစိုက်မှုတို့ ထုံလွှမ်းနေ၏။

         ထိုယောကျာ်းရဲ့ ဘယ်ဖက်မျက်နှာပေါ်မှာ မေးစေ့အထိ ရှည်လျားတဲ့ အမာရွတ်တစ်ခုရှိနေသည် . . . . ထိုအရာက သူ့အား အနည်းငယ်ကြောက်စရာကောင်းအောင် ပြုလုပ်နေလေသည်။

       ထိုလူက နီးကပ်လာတာကြောင့် ၀မ်ကျင်း သူအား သတိဖြင့် စူးစိုက်ကြည့်လိုက်၏။

        "မင်း နိုးနေပြီလား?မင်း ဗိုက်ဆာနေပြီလား?"ထိုယောကျာ်းက သူ့ရဲ့ ရှက်ရွံ့နေမှုကို ခံစားမိသွားပုံရပြီး သူနဲ့ သုံးလှမ်းလောက် အကွာမှာ ရပ်သွားခဲ့သည်။

        ၀မ်ကျင်း သူ့ဗိုက်ကို ထိကြည့်လိုက်ကာ ခပ်တောင့်တောင့် ခေါင်းညိတ်ပြလိုက်၏။

      သူ တကယ်ကို ဗိုက်ဆာနေတာ ဖြစ်သည်။

       မင်းသိထားရမှာက ဒီမူလခန္ဓာကိုယ်မှာ မနေ့က ဘာမှမသိလိုက်ရဘဲ လူတစ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရ၏။ပြီးတော့ ထိုကတည်းက ဒီအခန်းထဲမှာ ထည့်ပိတ်ခံထားရပြီး ဘာမှလဲမစားခဲ့ရသလို ဘယ်သူ့ကိုမှလဲ မတွေ့ခဲ့ရပေ။ထို့ကြောင့် ဒီခန္ဓာကိုယ်ရဲ့ ဆာလောင်နေမှုက တစ်နေ့တာဆာလောင်ခြင်းနဲ့ ညီမျှလေသည်။

       ဒါကိုမြင်တော့ ထိုယောကျာ်းက ဘာမှမပြောတော့ဘဲ ပြန်လှည့်ထွက်သွား၏။သိပ်မကြာခင်မှာဘဲ ထိုသူက အမျိုးအမည်မသိ ပန်းကန်တစ်လုံးယူလာပြီး သူ့အား လှမ်းပေးလာသည်။

       ၀မ်ကျင်း ခဏလောက် တုံ့ဆိုင်းနေပြီးမှ လှမ်းယူလိုက်၏။

         ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး,မင်းမှာ စားဖို့ ရှိသေးတယ်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now