18

1.1K 155 2
                                    

18

   ယွမ်ဟန် ၀င်လာတာမြင်တော့ လိုက်ယွမ်နဲ့ရှောင်ရို့က အပြေးအလွှား သွားကြိုကြပြီး မုကောအာကလဲ မတ်တပ်ရပ်လိုက်လေသည်။

   အချိန်ခဏလေးအတွင်းမှာဘဲ ၀မ်ကျင်းတစ်ယောက်သာ မူလနေရာမှာ မလှုပ်မယှက်ပုံစံဖြင့် ကျန်နေခဲ့၏။

   "အစ်ကိုဟန်,မင်း ဒီနေ့ပြန်လာတာ အတော်စောတာပဲ"ရှောင်ရို့က အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်သည်။

   သိထားရမှာက orcတစ်ယောက် အပြင်သွားရင် များသောအားဖြင့် ညနေခင်းလောက်မှ ပြန်လာတတ်ကြတာပင်။အခု ယွမ်ဟန်က နေ့လည်ခင်းပဲရှိသေးတာကို ပြန်ရောက်လာလေသည်။

   ယွမ်ဟန် ဆေးဖက်၀င်အပင်တွေကို ထောင့်မှာထားရင်း ပြန်ဖြေလိုက်၏:"အိမ်မှာ လောလောဆယ် စားစရာတွေ ရှိသေးတယ်လေ,ဒါကြောင့် အမဲမလိုက်တော့ဘဲ စောစောပြန်လာလိုက်တာ"

   ပြောပြီးနောက် သူ့ရဲ့အကြည့်တွေက ထိုသုံးယောက်ကို ဖြတ်ကျော်ကာ ၀မ်ကျင်းဆီ ရောက်သွားခဲ့သည်။၀မ်ကျင်းက သူနဲ့အဝေးဆုံးမှာရှိနေတာ သိသာနေပေမယ့်လဲ သူ့မျက်၀န်းထဲက နွေးထွေးမှုအနည်းငယ်က ၀မ်ကျင်းရဲ့ကိုယ်ပေါ် ကျရောက်သွားခဲ့၏။

   ၀မ်ကျင်း ထိုလူကို ကြည့်လိုက်တော့ ထိုလူ့မျက်၀န်းထဲက အပူကြောင့် သူ့တစ်ကိုယ်လုံး မီးလိုပူလောင်လာသလိုမျိုး ခံစားလိုက်ရပြီး ဘာကြောင့်မှန်းမသိ ရုတ်တရက် နှလုံးခုန်မြန်လာခဲ့လေသည်။ထို့ကြောင့် စိတ်မသက်မသာဖြင့် အကြည့်လွှဲလိုက်ပြီး လိန်သီးတစ်လုံးကို ပြီးစလွယ် ကောက်ယူလိုက်ကာ ဖုံးကွယ်ချင်သလိုမျိုး ပါးစပ်ထဲထည့်လိုက်၏။

   လိန်သီးရဲ့အပြင်ဘက်မှာ ပွင့်ချပ်တွေရှိနေသေးပြီး ထိုပန်းပွင့်တွေက စားလို့မရပေ။၀မ်ကျင်း ပါးစပ်ထဲတန်းထည့်ပြီး နှစ်ခါလောက်ဝါးလိုက်တဲ့အခါ ခါးတဲ့အရသာထွက်လာတာကြောင့် မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားခဲ့ရ၏။

   " . . . "စိုက်ကြည့်နေတဲ့ ယွမ်ဟန်ရဲ့မျက်လုံးတွေမှာ အကူအညီမဲ့မှုတွေ ထွက်ပေါ်လာကာ အရှေ့ကို လှမ်းလာလိုက်ပြီး ၀မ်ကျင်းရှေ့ထိုင်ချလိုက်သည်။ထို့နောက် အရူးလေးပါးစပ်ထဲမှ အသီးကို ဂရုတစိုက် ပြန်ထုတ်ယူလိုက်ပြီး ဝါးထားတဲ့ ပန်းပွင့်နှစ်ပွင့်ကို ဖယ်လိုက်ကာ အသီးကိုဆွဲထုတ်လိုက်၏။ပြီးနောက် ထိုအသီးအား ၀မ်ကျင်းပါးစပ်ထဲ ပြန်ထည့်ပေးလိုက်ကာ ချစ်ခင်တွယ်တာမှုတွေ ပြည့်နေတဲ့အသံဖြင့် ပြောလိုက်သည်:"မင်းဆိုတဲ့ ဒီအရူးလေးကတော့,အသီးလေးကိုတောင် မစားတတ်ဘူးပဲဟင်?"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now