15

1.2K 167 0
                                    


   ၀မ်ကျင်း အံ့အားသင့်သွားခဲ့ပြီးအရင်ဘ၀က ဇိမ်ခံနေ့ရက်တွေဆီ အတွေးရောက်သွားခဲ့၏။သူ ထိုလူကို မှင်သက်စွာကြည့်လိုက်တော့ ထိုလူက သူ့ရဲ့ရင်ထဲက လျှို့ဝှက်ချက်တွေကို တူးဖော်ပြီး အားလုံးဖတ်ကြည့်ချင်သလိုမျိုး အနည်းငယ်စူးရဲနေတဲ့ အကြည့်တွေနဲ့  စိုက်ကြည့်နေလေသည်။

   ၀မ်ကျင်း အနည်းငယ် သတိကပ်သွားခဲ့၏။အဆုံးမှာတော့ သူက ဒီကမ္ဘာကို အလောင်းရဲ့ကိုယ်မှာ ပြန်အသက်သွင်းပြီး ရောက်လာခဲ့တာလေ . . . . .

   ယွမ်ဟန် သူ့ရှေ့က အရူးလေးကို ကြည့်လိုက်တော့ မျက်လုံးတွေ ရှောင်တိမ်းသွားကာ နူးညံ့တဲ့နှုတ်ခမ်းတွေက စကားပြောချင်နေသလိုမျိုး အကြိမ်အနည်းငယ်လောက် လှုပ်ခတ်သွားပေမယ့် တိတ်တဆိတ်ဖြင့်သာ နှုတ်ခမ်းပြန်စိသွားတာကို တွေ့လိုက်ရတာကြောင့်  စိတ်ထဲကနေ သက်ပြင်းချလိုက်မိလေသည်။ခဏကြာတော့မှ လက်ဆန့်ထုတ်ကာ အရူးလေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး:"စားကြရအောင်"

   အတိတ်မှာ ဘယ်လိုဖြတ်သန်းခဲ့ရတာ ဘဲဖြစ်ဖြစ် အခုအချိန်နေကစပြီး အနာဂါတ်တစ်လျှောက်လုံး ဒီလူက သူ့ရဲ့ကောအာသာ ဖြစ်၏။

   ၀မ်ကျင်း အံ့အားသင့်သွားခဲ့ပေမယ့် ထိုလူက အသားတွေကို ယူဆောင်ကာ သူ့ကိုကျော်ဖြတ်ပြီး ရှေ့ခန်းဆီသို့ လျှောက်သွားတာကြောင့် သူလဲ နောက်ကနေ ခြေလှမ်းသေးသေးလေးဖြင့် ကမန်းကတန်း လိုက်သွားလိုက်သည်။

   ထိုလူက ဒီတစ်ခေါက် တစ်ကယ်ကြီး အသားပြုတ်၊အသားကင်နဲ့ စွပ်ပြုတ်တို့ကို ချက်ပေးလာလေသည်။

   ၀က်သားပြုတ်ရဲ့အရသာက နည်းနည်းလေးကောင်းပြီး အသား​ကင်ကတော့ စားလို့မကောင်းပေ။စွပ်ပြုတ်ကတော့ အသားကို ရေထဲထည့်ပြီး ကျိုချက်ထားတာကြောင့် အရမ်းပေါ့နေပေမယ့်လဲ အရင်အစားအစာတွေထက်တော့ ပိုကောင်း၏။

   ယွမ်ဟန်တစ်ယောက် ၀မ်ကျင်း အများကြီး စားနေတာကို တိတ်တဆိတ်ကြည့်နေရင်း ထိုဟင်းချက်နည်းတွေကို  ပြန်တွေးကာ စိတ်ထဲမှာ မှတ်သားထားလိုက်လေသည်။

   ညစာစားပြီးတဲ့အချိန်မှာ ကောင်းကင်က အနည်းငယ် တောက်ပနေသေး၏။ယွမ်ဟန် အပြင်ဘက်မှာ လှမ်းထားတဲ့ စပျစ်နွယ်ပင်တွေကို အခန်းထဲရှိ ကျောက်တုံးအိပ်ယာပေါ်မှာ ဖြန့်ခင်းလိုက်သည်။ထို့နောက် ဒီနေ့ရှောင်ရို့ယူလာပေးတဲ့ တိရိစ္ဆာန်အရေခွံတွေကို ထုတ်ယူလိုက်ပြီး အပေါ်ကနေ ထပ်ဖြန့်ခင်းလိုက်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းDonde viven las historias. Descúbrelo ahora