29
အဲ့ဒီအချိန်တုန်းက ယွမ်ဟန်တစ်ယောက် သူ့ရဲ့အသွင်အပြင်ကြောင့် အရှက်ရခဲ့ရတာကြောင့် နံပါတ်တစ်သူရဲကောင်းရဲ့ နည်းလမ်းအတိုင်း တစ်ဖက်လူကို တိုက်ရိုက် စိန်ခေါ်ချင်ခဲ့၏။ဒါပေမယ့် တစ်ဖက်လူက ကောအာဖြစ်နေရုံသာမက အကြီးအကဲရဲ့ညီလဲ ဖြစ်နေတာမို့ ထိုဒေါသအား တိတ်တဆိတ်သာ ငြိမ်းသက်ခဲ့ရလေသည်။
ဒီလိုနဲ့ဘဲ အိမ်ထောင်ရေးကတိက ပြီးဆုံးသွားခဲ့၏။ယွဲ့ကောအာကလဲ ထိုကိစ္စကြောင့်နဲ့ပဲ ယွိ့ကောအာနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့လေသည်။အကြီးအကဲက ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း ယွိ့ကောအာနဲ့ ယွမ်ဟန်ကို လက်ထပ်ပေးဖို့ ထပ်တွေးသေးပေမယ့် ယွမ်ဟန်က ငြင်းပယ်လိုက်တာကြောင့် အဲ့ဒီနောက်ပိုင်းကစပြီး အကြီးအကဲနဲ့ ယွမ်ဟန်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
အရင်တုန်းက ယွမ်ဟန်ကို ထိုသို့စော်ကားကဲ့ရဲ့ခဲ့တဲ့လူက အခုတော့ အိမ်ရှေ့ထိလာပြီး သူကသာ အစ်ကိုဟန်နဲ့လိုက်ဖက်ပါတယ်လို့ ပြောဖို့ မျက်နှာ ရှိနေသေးလေသည်။
မုကောအာ ပေါ်တင်ပဲ မျက်လုံးတွေကို လှိမ့်လိုက်မိ၏။
ထိုယွိ့ကောအာက ပုံမှန်မဟုတ်စွာ မျက်နှာအရေထူထူဖြင့် ပြောလာလေသည်:"အဲ့ဒါက အခု သူက ရုပ်မဆိုးတော့ဘူးမလား!"
" . . . . "မုကောအာရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားခဲ့ပြီး သတိပေးစကားပြောလိုက်၏:"ဒါပေမယ့် အစ်ကိုဟန်မှာ ကောအာရှိနေပြီလေ!"
"ကောအာ?အဲ့ဒီအရူးလေးလား?အဲ့ဒီအရူးလေးက အစ်ကိုဟန်ရဲ့ ကောအာပေါ့လေ?အခမ်းအနားတောင် မလုပ်ရသေးဘဲနဲ့ . . . "ယွိ့ကောအာ လှောင်ပြောင်လိုက်သည်:"ငါ ကြားတာတော့ အဲ့ဒီအရူးလေး အစ်ကိုဟန်ရဲ့အိမ်ကို ပထမဆုံးရောက်လာတဲ့ညက အစ်ကိုဟန်က တစ်ညလုံး အိမ်ပြန်မလာဘူးဆို,ဒါတောင် အစ်ကိုဟန် အခုတလော မကြာခဏ နောက်ကျမှ ပြန်လာတာကို ထည့်မပြောရသေးဘူး . . . . "
ပြောနေရင်းနဲ့ ယွိ့ကောအာရဲ့တစ်ကိုယ်လုံးရှိဆဲလ်တိုင်းက ပြတ်လုံးကိုကြည့်နေသလိုမျိုး အမူအရာကို ထုတ်ဖော်လာကာ:"Orcတွေက သူတို့အိမ်ကကောအာတွေကို အချစ်ဆုံးလေ,အစ်ကိုဟန်က ဒီလောက် သိသိသာသာ ဖော်ပြနေပြီကို,အဲ့ဒီအရူးလေးက ဦးနှောက်က မကြည်လင်ဘဲ ကိစ္စတွေကိုလဲ နားမလည်ဘူးလေ,ပုံမှန်ကောအာတစ်ယောက်သာဆိုရင် ကိုယ့်အိမ်ကOrcရဲ့ စိတ်ကို မချုပ်ကိုင်နိုင်လို့ အစောကြီးကတည်းက ရှက်လွန်းလို့ သေပြီးနေလောက်ပြီ"
YOU ARE READING
အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်း
RomanceAuthor-水金木 (Shui jinmu) Title-重生之疯哥儿 Cover photo is not mine Chinese BL Myanmar translation End - 178