14

1.2K 167 0
                                    

14

   ဟင်းချက်နည်း ဖော်မြူလာကို အလွတ်ကျက်ရတာက လွယ်ကူပေမယ့် လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာတော့ ၀မ်ကျင်း အံ့အားသင့်သွားရ၏။

  ဘာဖြစ်လို့လဲဆိုတော့ သူ ပြောလိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင် တော်တော်များများကို ထိုလူက ဘာလဲဆိုတာတောင် လုံး၀မသိလို့ပင်။

   ၀မ်ကျင်း ထိုအခါကျမှ သူ့အရင်ဘ၀က ပစ္စည်းတော်တော်များများက ဒီကမ္ဘာမှာ မရှိတာကို သတိရသွား၏။အဖိုးအိုက သူ့ကို အရံစွမ်းရည်ပေးခဲ့တာကြောင့် ဒီကမ္ဘာရှိ တချို့သော ဆေးဖက်၀င်အပင်တွေ၊ဟင်းသီးဟင်းရွက်တွေ၊ဟင်းခတ်အမွှေးအကြိုင်တွေနဲ့  တခြားရည်ရွယ်ချက်တွေနဲ့ အသုံးပြုနိုင်တဲ့ လမ်းတစ်လျှောက်ရှိ အပင်တချို့နဲ့ တိရစ္ဆာန်တွေကို သူ မှတ်မိနိုင်ခဲ့လေသည်။

   အရင်တစ်ခေါက်က ဆေးဖက်၀င်အပင်တွေကို အတည်ပြုနိုင်ခဲ့တာကလဲ ထိုစွမ်းရည်ကြောင့်ပင် ဖြစ်၏။

   ဒါပေမယ့် အခုတော့ . . . သူ့လက်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အပင်တွေ လုံး၀မရှိဘဲ နာမည်တစ်ခုသာ ရှိလေသည်။သူ ထိုလူကို ထိုပစ္စည်းတွေအကြောင်း ဘယ်လိုရှင်းပြသင့်လဲ?

   အဲ့ဒီပစ္စည်းတွေမရှိရင် ဘယ်လိုလုပ် ပြီး စားကောင်းမှာလဲ? !

   ၀မ်ကျင်း ခေါင်းကြီးသွားရ၏။ယွမ်ဟန်တစ်ယောက် ၀မ်ကျင်းရဲ့စကားတွေကို ကြားလိုက်ရချိန်မှာ ပထမဆုံးတွေးမိတာက ဒီအရူးလေး ထပ်ပြီးဖောက်လာပြန်ပြီဟုပင်။ဒါပေမယ့် အရင်က ဆေးဖက်၀င်အပင်ကြောင်း တွေးမိသွားတော့ အရူးလေးက သူ့ကို အံ့အားသင့်စရာတွေ ဖန်တီးပေးလာဖို့ တိတ်တဆိတ် မျှော်လင့်နေမိ၏။

   ဒါပေမယ့် အရူးလေးက သူ နားမလည်တဲ့ စကားတွေ ပြောလာချိန်မှာတော့ ယွမ်ဟန်တစ်ယောက် အေးခဲသွားရပြီး မျှော်လင့်နေတဲ့ အမူအရာကလဲ သိသိသာသာ ပျောက်ကွယ်သွားခဲ့လေသည်။

   ယွမ်ဟန် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး လက်ထဲက လုပ်လက်စအလုပ်ကို ထားခဲ့လိုက်ကာ ၀မ်ကျင်းအား ဆွဲပြီး အပြင်ဘက်မှ စားပွဲရှေ့မှာ ထိုင်စေလိုက်၏။ပြီးနောက် နဘေးမှ အသီးအနှံပုံထဲကနေ ပန်းလက်တစ်ဆုပ်စာလောက် ဆွဲထုတ်လိုက်သည်။ထိုပန်းမှာ အစိမ်းရောင်ရိုးတံပါရှိပြီး ထိုရိုးတံပေါ်မှာ ဘာအရွက်မှ မပါရှိပေ။ပန်းပွင့်တစ်ပွင့်စီတွင် ပွင့်ဖတ်လွှာနှစ်ပွင့်သာ ပါရှိပြီး တစ်ဖက်က အဖြူရောင် ဖြစ်ကာ တစ်ဖက်က အနီရောင်မို့ အလွန်ထူးဆန်းလှ၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now