22

1.1K 149 10
                                    

22

   "မင်း ဘာလုပ်နေတာလဲ!"၀မ်ကျင်းတစ်ယောက် မနေ့က ခက်ခက်ခဲခဲ ထွက်လာတဲ့ ပါးလွှာတဲ့ ချည်မျှင်တွေကို စိုက်ကြည့်ရင်း ဒီလိုမျိုး ပျက်စီးသွားတာကြောင့် စိုးရိမ်စိတ်နဲ့ မျက်လုံးတွေပါ နီရဲလာလေသည်။

   ၀မ်ကျင်း လက်ဆန့်ထုတ်ကာ ထိုလူလက်ထဲက ချည်မျှင်တွေကို ဆွဲယူလိုက်၏။ထိုချည်မျှင်တွေက အထည်အဖြစ် ယက်လုပ်လိုက်​ပြီးနောက်မှာ ကိုင်လိုက်တဲ့ နေရာတိုင်းရှိ ကြိုးတွေက အရမ်းဆိုး၀ါးတဲ့ ခံစားချက်မျိုး ပေးနေလေသည်။၀မ်ကျင်းရဲ့ အသားအရေက အလွန်နုနယ်တာကြောင့် ဆွဲယူလိုက်တာနဲ့ တပြိုင်နက် လက်ဖဝါးမှာ နီရဲရောင်ရမ်းနေတဲ့ အမှတ်အသားတစ်ခု ထွက်ပေါ်လာခဲ့၏။

   ယွမ်ဟန်တစ်ယောက် ၀မ်ကျင်းက ဒီလိုမျိုး ရုတ်တရက် တုံ့ပြန်လာလိမ့်မယ်လို့ မထင်ထားတာကြောင့် ခဏလောက် အေးခဲသွားခဲ့လေသည်။သူ အသိပြန်၀င်လာချိန်မှာတော့ ပထမဆုံး ထိုအရူးလေးရဲ့လက်ကိုချက်ချင်းဆွဲယူကာ ကြည့်လိုက်၏။

   အရူးလေးရဲ့ လက်ဖဝါးအလယ်က အတော်လေး ဖောင်းပွရောင်ရမ်းသွားတာကြောင့် ယွမ်ဟန်ရဲ့ မျက်လုံးတွေထဲမှာ စိတ်ဆင်းရဲသွားမှု အနည်းငယ် ပေါ်လာပြီး လေသံတိုးတိုးဖြင့် မပြောဘဲ မနေနိုင်တော့ပေ:"မင်းဆိုတဲ့ ဒီအရူးလေးကတော့,မင်းရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ကာကွယ်ရမယ်ဆိုတာ သိရဲ့သားနဲ့ ,ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မဆင်မခြင်နိုင်ရတာလဲ?"

   ၀မ်ကျင်းရဲ့မျက်လုံးတွေက နာကျင်မှုကြောင့် မျက်ရည်တွေ ၀ိုင်းလာလေသည်။သူ အစကတော့ စကားအနည်းပြောကာ ပြန်ချေပမလို့ စဥ်းစားနေတာ ဖြစ်ပေမယ့် ထိုလူရဲ့ သူ့ထက်တောင်မှ ပိုစိုးရိမ်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ တခဏအတွင်းမှာဘဲလည်ချောင်းထဲမှာ ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့နေသလို ခံစားလိုက်ရကာ ဘာစကားမှ ပြောမထွက်တော့ပေ။ထို့နောက် မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ တိုးတိုးလေး ပြန်ပြောလိုက်၏:"ပါးလွှာတဲ့ ချည်မျှင်တွေက ရှားတယ်လေ,မင်းက အဲ့ဒီချည်မျှင်တွေကို ဖျက်စီးနေတာကို ငါက စိတ်မပူဘဲ နေပါ့မလား,အထည်ကို အဲ့ဒီလိုမျိုး ယက်လုပ်ရတာ မဟုတ်ဘူး,အ၀တ်အစားကိုလဲ ဒီလိုမျိုး လုပ်ရတာ မဟုတ်ဘူး!"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now