24

1.1K 161 4
                                    

24

   ထိုလူရဲ့ တင်းမာတဲ့ နောက်ကျောပုံရိပ်က မီးဖိုချောင်ထဲမှာ အလုပ်များနေပြီး အဖြူရောင် မီးခိုးငွေ့တွေက ထူထပ်စွာ တက်လာကာ ထိုသူအား ဖုံးအုပ်ဖို့ ကြိုးစားနေလေသည်။

   ၀မ်ကျင်းတစ်ယောက် သူ့အရင်ဘ၀က ဆင်းရဲတဲ့ ပညာတတ်တစ်ယောက်အကြောင်းကို တွေးမိသွား၏။ထိုလူက နံ့သာပေါင်းကို မီးရှို့ရတာအား အထူးနှစ်သက်ပြီး သူရှိနေချိန်တိုင်း မီးခိုးငွေ့တွေက အမြဲရှိနေတတ်လေသည်။ပြီးတော့ ထိုလူက တိမ်တိုက်လို မီးခိုးငွေ့တွေကြားမှာ မသေမျိုးတစ်ယောက်လိုမျိုး ထိုင်နေတတ်၏။

   ၀မ်ကျင်းက ထိုလူကို ကြည့်ကောင်းတယ်လို့ ထင်တာကြောင့် စံအိမ်ထဲသို့ဖိတ်ခေါ်ခဲ့ပြီး ဧည့်သည်တော်အဖြစ် သတ်မှတ်ကာ ကျွေးမွေးခဲ့သည်။ဒါပေမယ့် အခုတော့ ၀မ်ကျင်းတစ်ယောက် ယွမ်ဟန်ကိုကြည့်ရင်း သူ ဖိတ်ခေါ်လိုက်မိတာ စောသွားတယ်လို့ ထင်လာခဲ့၏။တကယ်လို့ သူသာ ယွမ်ဟန်နဲ့ အရင်တွေ့ခဲ့ပါက သူ့အား အိမ်ကြီးထဲကို သေချာပေါက် ဖိတ်ခေါ်ပြီး နံ့သာပေါင်းတွေကို မီးရှိူ့ခိုင်းမိမှာ ဖြစ်သည်။

   ယွမ်ဟန်သာ နံ့သာပေါင်းကို မီးရှို့ပါက ထိုပညာရှင်လိုမျိုး မသေမျိုးနဲ့တော့ တူမှာမဟုတ်ဘဲ ဆန့်ကျင်ဘက်အနေနဲ့  မီးခိုးငွေ့တွေက ထူးထူးခြားခြား များပြားနေပြီး အလုပ်များနေတဲ့ လှုပ်ရှားမှုတွေကြောင့် ထိုပညာရှင် နံ့သာပေါင်းမီးရှို့နေသလိုမျိုးတော့ ပြေပြစ်မနေပေ။ဒါပေမယ့် ဒီလူက သူ့နှသားကို 'နှလုံးခုန်ခြင်း'လို့ခေါ်တဲ့ အမြစ်ကို နားမလည်နိုင်လောက်အောင် နှိုးဆော်လာပြီး သူ့စိတ်အား ထိုလူ့ကိုပဲမရည်ရွယ်ဘဲ အာရုံစိုက်မိအောင် လုပ်နိုင်လေသည်။

   ၀မ်ကျင်း ခြေဖျားထောက်ကာ အနားတိုးသွားလိုက်တော့ ရနံ့က ပိုပြင်းလာတာကြောင့် အိုးထဲကို လှမ်းကြည့်လိုက်၏။

   အိုးထဲမှာ အသားချပ်တချို့ ရှိနေပြီး ထိုအသားချပ်တွေပေါ်မှာ ဆန်စေ့လိုမျိုး ပါ၀င်ပစ္စည်းအချို့က ကပ်နေလေသည်။၀မ်ကျင်းတစ်ယောက် ထိုအရာတွေကို ကြည့်နေရင်း အမှတ်ရသွားခဲ့၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now