21

1.3K 166 0
                                    

21

   ယွမ်ဟန် ကြောင်အသွားခဲ့၏။အရူးလေးကတော့ ပြောရင်းနဲ့ ၀မ်းသာအားရ မျက်လုံးတွေ အရောင်တောက်လာလေသည်။

   ဒီအမာရွတ်နဲ့ပတ်သတ်ပြီး အရူးလေးက သူ့ထက်တောင်မှ ပိုပြီး အမြဲတမ်း စိတ်ပူပေးနေတာကြောင့် ယွမ်ဟန်ရဲ့နှလုံးသားက နွေးထွေးသွားခဲ့၏။

   ၀မ်ကျင်း ဆေးလိမ်းပေးပြီးနောက် ဆေးပုလင်းကို ထိုလူရဲ့ ရင်ဘတ်ထဲ ထည့်ပေးလိုက်ပြီး:"သက်သာပြီးသွားလို့ရှိရင်,မင်း နောက်ထပ် ထပ်မရှုပ်မိစေနဲ့တော့ !"

   "ရှုပ်မိတယ် ! " ယွမ်ဟန် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

   ၀မ်ကျင်းက တစ်ခုခုကို သိနေသလိုပင်။ယွမ်ဟန် ပြန်စဥ်းစားကြည့်လိုက်တော့ မတိုင်ခင်တုန်းက သူ ခြံထဲ၀င်လာချိန်မှာ မုကောအာနဲ့ တခြားသူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားစမြည်ပြောဆိုနေကြတာကို သတိရသွားခဲ့၏။အရူးလေးက ထိုသုံးယောက်ရဲ့ပါးစပ်ကနေ ဒီအမာရွတ်ရဲ့ ဇစ်မြစ်ကို သိသွားတာဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

   သူ ထိုအရူးလေးကို မော့ကာ စိုက်ကြည့်လိုက်တော့ အရူးလေးက ဘယ်အချိန်ကတည်းကမှန်းမသိ စိတ်လှုပ်ရှားနေတဲ့ အမူအရာက မှေးမှိန်သွားခဲ့ကာ မျက်နှာပေါ်မှာ 'မကျေနပ်'ဆိုတဲ့ စကားလုံးကြီးကို ရေးထိုးထားသလိုမျိုးပင်။

    ယွမ်ဟန်ရဲ့နှလုံးသားက တစ်ချက် ခုန်လှုပ်သွားခဲ့ပြီး မတွေးမိဘဲ မနေနိုင်တော့ပေ။အရူးလေးက မဟုတ်မှလွဲရော သူ တခြားကောအာကို ကယ်တင်ပေးခဲ့တာကို မပျော်မရွှင် ဖြစ်နေတာများလား?မဟုတ်မှလွဲရော . . . မနာလို ဖြစ်နေတာများလား?

    ဒီလို အဓိပ္ပာယ်မဲ့ အတွေးတွေ တွေးလိုက်မိတော့ ယွမ်ဟန်တစ်ယောက်  မခံမရပ်နိုင် ဖြစ်သွားပြီး သူ့ရဲ့နှလုံးသားအား နူးညံ့တဲ့ အမွှေးအတောင်နဲ့ ညင်ညင်သာသာ ပွတ်တိုက်သွားသလိုမျိုး ခံစားလိုက်ရကာ အရိုးတွေပါ ယားယံလာခဲ့လေသည်။ယားယံလာလွန်းလို့ ယွမ်ဟန်တစ်ယောက် သူ့ရှေ့မှကောအာအား ရင်ခွင်ထဲ ဆွဲသွင်းကာ မိမိရဲ့နှလုံးသားအား ပွတ်သပ်ပေးစေချင်မိ၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now