9

1.2K 163 0
                                    

    ဒါက . . . အားလုံးက မွန်းစတားတွေလား? !

    ၀မ်ကျင်း သူ့ခေါင်း ရုတ်တရက် နာကျင်လာတာကို ခံစားလိုက်ရပြီး ခဏအကြာမှာတော့ သတိရလာခဲ့၏။ဒါက သားရဲကမ္ဘာဖြစ်ပြီး အမျိုးသားတွေမှာ သားရဲပုံသဏ္ဍာန် ရှိကြလေသည်။

    ဒါပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဥာဏ်ထဲမှာ orcအသွင်ပြောင်းတာအား တစ်ခါမှ မမြင်ဖူးပေ။ပြီးတော့ သူကလဲ ဒီကမ္ဘာကို ရောက်လာကတည်းက မမြင်ဖူးသေးတာကြောင့် . . . . အချိန်ခဏကြာတဲ့အထိ ထိုကိစ္စအား မစဥ်းစားလိုက်မိပေ။

    "အားယွမ် . . . . "မုကောအာက ထိတ်လန့်နေသေးပုံရပြီး ထိုလူရဲ့ရင်ခွင်ထဲ နစ်မြှုပ်ကာ တိုးတိုးလေး ရှိုက်ငိုနေလေသည်။ထိုအားယွမ်ဆိုသူက စိတ်ရှုပ်ထွေးသွားသလိုမျိုး အထစ်ထစ်အငေါ့ငေါ့ဖြင့် မုကောအာအား နှစ်သိမ့်ပေးလာ၏။

    ၀မ်ကျင်း မတ်တပ်ထရပ်ဖို့ ကြိုးစားလိုက်ပေမယ့် ထရပ်လိုက်လိုက်ချင်းမှာဘဲ ခဏလောက် မူးဝေသွားခဲ့လေသည်။

    သူ တစ်ခေါက် လှုပ်ယမ်းသွားပြီးနောက် မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျတော့မလိုမျိုး ခံစားလိုက်ရ၏ . . . .ထိုအချိန်မှာဘဲ သန်မာတဲ့လက်တစ်စုံက သူ့အားဖမ်းထိန်းပေးလာလေသည်။၀မ်ကျင်း ထိုလက်တစ်စုံအား ဖမ်းဆုပ်ထားရင်း ရောက်လာတဲ့လူက ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ ကြိုးစားပြီးကြည့်လိုက်ပေမယ့် မျက်စိရှေ့က မြင်ကွင်းက ဝေဝါးလာပြီး အဆုံးမှာတော့ မည်းမှောင်သွားခဲ့၏ . . . . သူ့ရဲ့လက်တွေက ပျော့ကျသွားခဲ့ပြီး နားဘေးနားက အသံတွေကလဲ တဖြည်းဖြည်း ဝေးကွာလွင့်ပြယ်သွားခဲ့လေသည် . . . . . .

    . . . . . .

    အချိန်ဘယ်လောက်ကြာသွားပြီလဲ မသိပေ။၀မ်ကျင်းရဲ့ အာရုံငါးပါးက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး မုကောအာရဲ့အသံအား ပထမဆုံး ကြားလိုက်ရလေသည်။

    "အစ်ကိုဟန်,သူတို့တွေ  အရမ်းလွန်နေပြီ!သူတို့တွေ အားကျင်းကို တစ်ချိန်လုံး အနိုင်ကျင့်နေကြတာ,ဒီတစ်ခေါက် မင်းတို့တွေနဲ့သာ မတွေ့ခဲ့ရင်,အားကျင်းနဲ့ငါ . . . . "

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now