16

1.2K 151 0
                                    

16

   "ဘာပဲဖြစ်ဖြစ် မုကောအာ မင်း ငါ့ကို မနှင်ထုတ်ပါနဲ့ ! "ရှောင်ရို့ သူ့ဆံပင်တွေကို ပွတ်သပ်ရင်း:"ဒီလိုလုပ်မှ အနည်းဆုံး ငါ့စိတ်ထဲ နည်းနည်းပိုနေလို့ကောင်းလာမှာ"

   မုကောအာ ပြုံးနေလိုက်ကာ ဘာမှထပ်ပြောမနေတော့ပေ။လိုက်ယွမ် ထိုအနားသွားလိုက်ပြီး ရှောင်ရို့ကို သူ့ဘေးနားဆွဲကာ ထိုင်ခိုင်းလိုက်ပြီး:"မင်း ထွက်သွားဖို့ အစီအစဥ်မရှိဘူးဆိုရင်လဲ မုမုကို မေးနေတာ စိတ်၀င်စားစရာရှိလို့လား?ဒါဆိုလဲ ဒီထင်းတွေကို အတူတူ ခုတ်ရအောင်,အစ်ကိုဟန်ရဲ့အိမ်မှာ ထင်းမလောက်တော့ဘူး"

   ရှောင်ရို့ လိုက်ယွမ်ဆီကနေ ထင်းကိုယူလိုက်၏။၀မ်ကျင်းတစ်ယောက် သူတို့တွေလက်ထဲမှာ ပုဆိန်မတွေ့ရတာကြောင့် အနည်းငယ် ထူးဆန်းသွားခဲ့ရသည်။သူတို့တွေ ဒါက ဘယ်လိုထင်းခွဲဖို့ စီစဥ်နေကြတာလဲ?

   ၀မ်ကျင်း သံသ၀င်နေချိန်မှာဘဲ orcနှစ်ယောက်က သူတို့ရဲ့လက်တွေကို တိရိစ္ဆာန်လက်သည်းတွေ အဖြစ် ပြောင်းလိုက်တာအား မြင်လိုက်ရလေသည်။ထိုတိရိစ္ဆာန်လက်သည်းတွေက ချွန်ထက်နေတာအား ပြသနေပြီး တစ်ချက်ယက်ချလိုက်တာနဲ့ သစ်သားက နာခံစွာဖြင့် ကွဲသွားခဲ့၏။

   ဝမ်ကျင်းရဲ့မျက်ခွံတွေ တွန့်သွားခဲ့ရသည်။ထိုorcနှစ်ယောက်က ထင်းကို လက်ဗလာနဲ့ ခွဲကြလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးမိပေ!

   မုကောအာ ၀မ်ကျင်းရဲ့ အမူအရာကို ဂရုမစိုက်မိဘဲ လက်ဆန့်တန်းကာ စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးအား ဖွင့်လိုက်၏။ဖွင့်လိုက်သည်နဲ့ တစ်ပြိုင်နက် ပြင်းထန်တဲ့ မွှေးရနံ့က သူ့မျက်နှာကို ရိုက်ခတ်လာလေသည်။

   ၀မ်ကျင်းရဲ့အကြည့်တွေ ကြွေပန်းကန်လုံးဆီ ရောက်သွားခဲ့၏။ကြွေပန်းကန်လုံးထဲမှာ ရင်းနှီးနေပြီးသား ပျော့ဖတ်ဖတ် အနှစ်တချို့ရှိနေလေသည်။ထိုအနှစ်တွေပေါ်မှာ အသားတုံးတချို့ရှိနေပြီး အနံ့ကမွှေးပေမယ့် ကြည့်မကောင်းပေ။

   ထိုအနှစ်တွေကို ၀မ်ကျင်းလဲ စားခဲ့ဖူးလေသည်။အဲ့ဒါက အရမ်းကြမ်းလွန်းတယ်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now