26

1K 160 6
                                    

26

   မုကောအာ အနည်းငယ်စပ်စုချင်လာတာကြောင့် မေးလိုက်သည်:"အစ်ကိုဟန်က ဘာဖြစ်လို့လဲ?သူက မင်းကို အရမ်းချစ်တာပဲဟာ"

   "ဘာကို ချစ်တာလဲ!"၀မ်ကျင်း အံကြိတ်လိုက်ပြီး လက်ဆစ်တြွေဖူလာတဲ့အထိ ဆုပ်လိုက်ကာ:"သူ ငါ့ကိုရှောင်ပုန်းနေတာ သိသာနေတာပဲကို!"

   ရှောင်ပုန်းနေတယ်?

   မုကောအာ အံ့အားသင့်သွားပြီး အသိပြန်မ၀င်လာခင်အထိ အနည်းငယ်လောက် မျက်တောင်ခတ်နေလိုက်မိသည်။

   ဒီရက်ပိုင်းအတွင်း အစ်ကိုဟန်က အားကျင်းနဲ့ လက်ထပ်ပွဲ လုပ်ဖို့အတွက် အလုပ်များနေတာ ခြေထောက်နဲ့မြေကြီးတောင် မထိတော့ပေ။ပြီးတော့ သူက အားကျင်းကို အံ့အားသင့်စေချင်တာကြောင့် ဒီအကြောင်းကို တမင်တကာမပြောခဲ့ဘဲ သူတို့ကိုလဲ ပြောခွင့် မပေးထားပေ။

   ဒါက . . . အားကျင်းဘက်က ကြည့်တော့လဲ တကယ်ပဲ အစ်ကိုဟန်က အရင်ကထက်စာရင် အိမ်မှာရှိနေတဲ့အချိန်က နည်းသွားတာပဲ . . . .

   ဒါပေမယ့်လဲ ရှောင်ပုန်းနေတယ်ဆိုတဲ့ဘက်တော့ မလှည့်သွားသင့်ဘူးလေ?

   မုကောအာ မျက်မှောင်ကြုပ်လိုက်ပြီး နားမလည်စွာ ပြောလိုက်၏:"ဘာဖြစ်လို့ ဒီလိုပြောရတာလဲ?"

   "သူ . . . . "၀မ်ကျင်း ပြောနေရင်း ခဏရပ်တန့်သွားပြီး ရုတ်တရက် သူ့အတွေးတွေက အေးခဲသွားခဲ့လေသည်။

   ဟုတ်သားပဲ,ထိုလူက ဘာဖြစ်လို့ မိမိကို ရှောင်ပုန်းနေရတာလဲ?

    ၀မ်ကျင်းတစ်ယောက် အနည်းငယ် စကားပြောမထွက်နိုင် ဖြစ်နေတာကို မုကောအာ မြင်လိုက်ရတော့ ပြုံးကာ ပြောလိုက်သည်:"မင်း အရမ်းတွေးလွန်းနေတာပါ,အစ်ကိုဟန်က ဘယ်လိုလုပ်ပြီး မင်းကို ရှောင်ပုန်းမှာတဲ့လဲ,သူက မင်းဘေးနားမှာ အချိန်တိုင်း နေရဖို့
တောင် မစောင့်နိုင် ဖြစ်နေတဲ့သူပါ"

   မုကောအာ အရွှန်းဖောက်လိုက်ပေမယ့် ၀မ်ကျင်းကတော့ စိတ်ထဲမှာ ရှုပ်ထွေးနေလေသည်။

   ထိုလူက အခုချိန်ထိ ဘာဖြစ်လို့ အိမ်မပြန်လာသေးတာလဲ?

    ၀မ်ကျင်း အရင်က ဘာတြွေဖစ်ခဲ့လဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းOnde histórias criam vida. Descubra agora