5

1.6K 191 2
                                    

      ၀မ်ကျင်း တုံ့ပြန်လာနိုင်ချိန်မှာတော့ ထိုမြက်ပင်အား သူ့လက်ထဲမှာ တင်းကျပ်နေအောင် ဆုပ်ကိုင်ထားပြီး ဖြစ်၏။

      "?"ယွမ့်ဟန် ၀မ်ကျင်းအား အထူးအဆန်းဖြစ်စွာ ကြည့်လိုက်သည်။

      ၀မ်ကျင်း:"ငါ ဒါကို လိုချင်တယ်"

       မြက်ပင်တွေအား သန့်စင်အောင် ဆေးကြောကာ ပြုတ်လိုက်ပြီးနောက်သွေးတိတ်စေပြီး သွေးလှည့်ပတ်မှုရပ်ဆိုင်းတာတွေ ဖယ်ရှားပေးတဲ့ ဆေးဖက်၀င်အပင်အချို့ပါ ထပ်ထည့်ကာ ကြိတ်ချေပြီးထောင်းလိုက်ပါက  'ပီရှန်း'လိမ်းဆေး လိုမျိုးဖြစ်လာပေလိမ့်မည်။

       ဒီအတွေး သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတော့ ၀မ်ကျင်း စိတ်ရှုပ်ထွေးသွားရသည်။သူ သူ့ကိုယ်သူ ဆေးပညာမတတ်ဘူးဆိုတာ ကောင်းကောင်းကြီး သိ၏။ဒါဆို သူ ဒီ'ပီရှန်းလိမ်းဆေး"ဆေးညွှန်းကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ?

        ဒါပေမယ့် သူ ဒီမထင်မရှား မြင်ပင်အား ဆေဖက်၀င်အပင်ဟု အခိုင်အမာ ယုံကြည့်နေခဲ့လေသည် . . .

       ၀မ်ကျင်း ရုတ်တရက် ခုနက အိပ်မက်အား သတိရသွား၏ . . . အိမ်မက်ထဲမှာ အဖိုးအိုက သူ့အား အစားအစာ၊ဆေးဝါးနဲ့ ကိရိယာတွေရဲ့ ဖော်မြူလာ. . .  စသဖြင့်အားလုံးကို သိလာနိုင်လိမ့်မယ်ဟု ပြောခဲ့သည်။

      အခု သူ 'ပီရှန်းလိမ်းဆေး'ရဲ့ ဖော်မြူလာကို ရှင်းရှင်းလင်းလင်း သိနေရုံသာမက ဆေးဖက်၀င်ပစ္စည်းတွေကိုလဲ မှတ်မိနေလေသည်။အဖိုးအိုက သူ့ကို တကယ်ပဲ စွမ်းရည်တွေ ပေးအပ်ခဲ့တာများလား?

        ၀မ်ကျင်း ခဏလောက်အံ့သြသွားပြီးနောက် ဒါကိုစမ်းကြည့်ဖို့ လိုအပ်တယ်ဟု ခံစားလိုက်ရ၏။'ပီရှန်းလိမ်းဆေး'ပြုလုပ်ဖို့အတွက် ဆေးဖက်၀င်အပင်တချို့ ပျောက်ဆုံးနေသေးပေမယ့်လဲ ဒါက ၄င်းရဲ့အဓိကအခြေခံပင်ဖြစ်လေသည်။

        ဒါပေမယ့်လဲ ၀မ်ကျင်း သူ့လက်ထဲမှ ဆေးဖက်၀င်ပစ္စည်းတွေအား ကြည့်ရဆိုးတဲ့ မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။

        ဒီဆေးပင်ကိုရပြီဖြစ်ပေမယ့်လဲ ချက်ပြုတ်နည်းလဲမသိသလို ရွှံ့ထဲမှာကြိတ်ဖို့ ခွန်အားလဲ သူ့မှာ ရှိမနေပေ!ဒီခန္ဓာကိုယ်က ဘယ်လောက်နူးညံ့လဲဆိုတာကို သူ အရင်ဘ၀က စမ်းကြည့်ခဲ့ပြီးပြီဖြစ်သည်!

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းحيث تعيش القصص. اكتشف الآن