32

944 164 7
                                    

32

   ယွမ်ဟန်ရဲ့ အသံခပ်နိမ့်နိမ့်က ရေခဲခန်းထဲမှာ အချိန်အကြာကြီးအလုံပိတ်ထားတဲ့ ရေခဲပုံးလိုပင် အေးစက်စက် နိုင်လှပြီး ယွဲ့ကောအာအား တိုက်ခိုက်နေသလိုပင်။

   ယွဲ့ကောအာရဲ့နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ရုတ်တရက် အလွန်ဆိုးရွားတဲ့ ကြိုးတင်သတိပေးချက်တစ်ခုကို ခံစားလိုက်ရတာကြောင့် မသိမသာဖြင့် အနောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်၏။

   ယွမ်ဟန်က အရင်တုန်းက သူ့ကို တစ်ခါ ငြင်းပယ်ထားပြီး ဖြစ်သည်။ဒီလောက် လူတွေအများကြီးရှေ့မှာ သူ ငါ့ကို ထပ်ပြီး မငြင်းပယ်လောက်ဘူးမလား?

   မဟုတ်ဘူး,မဟုတ်လောက်ပါဘူး။

   ယွဲ့ကောအာတစ်ယောက် စိတ်ထဲကနေ ကိုယ့်ကိုကိုယ် အားပေးနေလိုက်၏။ယွမ်ဟန်က အမြဲတမ်း လူကြီးလူကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး ကောအာတွေကို ခက်ခဲအောင် မလုပ်ခဲ့ဘူးပေ။လူတွေအများကြီး ရှိနေတာမို့ သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ခံစားချက်တွေကို သေချာပေါက် ထည့်သွင်း စဥ်းစားပေးမှာပင်။ယွမ်ဟန် ဂရုစိုက်ပေးနေသရွေ့ သူ့ကိုလက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလက ပုံသေအနေနဲ့ သေချာပေါက် ပြန့်နှံ့နေတော့မှာ ဖြစ်သည် . . . .

   ယွမ်ဟမ်သာ လူတိုင်းရဲ့ မျက်လုံးတွေအောက်မှာ မိမိနဲ့ လက်ထပ်မယ်ဆိုတဲ့ကိစ္စကို တိတ်တဆိတ်သာနေပြီး သဘောတူလိုက်ပါက အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရတော့မှာ မဟုတ်ပေ။Orcမျိုးနွယ်စုကလဲ ကောအာကို ဒီလိုဆက်ဆံတာကို ခွင့်ပြုထားမှာ မဟုတ်ပေ။

   အဲ့ဒီလိုသာဆိုရင် အရင်တုန်းက ဒီလက်ထပ်ပွဲ စီစဥ်နေတာက မိမိအတွက် မဟုတ်ခဲ့ရင်တောင်မှ နောက်ပိုင်းမှာ မိမိအပိုင် ဖြစ်လာပေလိမ့်မည်။

   ပြီးတော့ မိမိက ထိုအရူးလေးနဲ့ ကွာခြားလေသည်။သူ့ရဲ့ဟန်ကောကောက သေချာပေါက် သူ့ကိုပဲ ရွေးချယ်မှာပါ။

   ယွဲ့ကောအာ မိမိအသံကို တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် တိုးတိုးလေး ပြန်ပြောလိုက်သည်:"ငါ အဲ့ဒီလို မထင်ပါဘူး,ဟန်ကောကော"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now