10

1.3K 158 0
                                    

     သူတို့သုံးယောက်နောက်မှာ လှပတင့်တယ်တဲ့ နောက်ထပ် ကောတစ်ယောက် ရှိနေလေသည်။

    ထိုကောက ယွမ်ဟန်ကို မြင်လိုက်ရတဲ့အခါမှာတော့  သူ့မျက်လုံးတွေက အံအားသင့်သွားခဲ့ပြီး ရှေ့သို့တိုးလာကာ ခေါ်လာ၏:"အစ်ကိုဟန်"

    ထိုအသံကို ကြားလိုက်တာနဲ့ ၀မ်ကျင်း ထိုသူက ဘယ်သူလဲဆိုတာ သိသွားခဲ့၏။

     ယွဲ့ကောအာ . . . ယွမ်ဟန်ကို သဘောကျနေတဲ့ မျိုးနွယ်စုရဲ့ နံပါတ်တစ် အလှဆုံးသူပဲ။

     ၀မ်ကျင်း အရင်ဘ၀မှာတုန်းက ချောမောလှပကြတဲ့ ယောကျာ်းလေးရော မိန်းကလေးတွေပါ အများကြီး မြင်ဖူးခဲ့ပြီးပြီဖြစ်၏။သူကြည့်ကြည့်လိုက်တော့ ယွဲ့ကောအာက သိပ်အလှကြီး မဟုတ်ပေမယ့်လဲ တခြားလူတွေထက်တော့ ပိုဆွဲဆောင်မှု ရှိလေသည်။

    သူ တစ်ချက်ကြည့်ပြီးနောက် စိတ်၀င်စားမှု မရှိတော့တာကြောင့် ကောသုံးယောက်ဆီသို့သာ ပြန်လှည့်ကြည့်လိုက်တော့၏။

    အခန်းထဲကနေ ထွက်လာတော့ ကောသုံးယောက်မှာတော့ မုကောအာရဲ့၀မ်ကျင်းရဲ့ ဗလာမျက်လုံးတွေကိုမြင်လိုက်ရလေသည်။ထို့နောက် သူတို့တွေ လိုက်ယွမ်နဲ့ ယွမ်ဟန်ကိုပါ တွေ့လိုက်ရတာကြောင့် မျက်နှာတွေ ပိုဖြူဖျော့သွားကြပြီး နေရာမှာသာ မလှုပ်မယှက် ရပ်နေလိုက်ကြ၏။

    ဒါပေမယ့် ခဏအကြာမှာတော့ သူတို့တွေရဲ့ အပြစ်ရှိသလို ခံစားနေရတဲ့ အသိစိတ်အား မာနစိတ်က ဖုံးလွှမ်းသွားခဲ့လေသည်။

    သူတို့ သိထားသလောက် အရဆို မျိုးနွယ်စုရဲ့ နံပါတ်တစ်စစ်သည်တော်က ဒီလိုအရူးတစ်ယောက်အတွက်နဲ့ ဘယ်လိုလုပ်ပြီး ခေါင်းထွက်ခံမှာလဲ?ပြီးတော့ ခြေစောင်းနေတဲ့တစ်ယောက် . . . . သူ့ရဲ့orcက မျိုးနွယ်စုထဲမှာ အားအနည်းဆုံး သူလေ။သူတို့တွေ လုံး၀ကြောက်နေစရာ မလိုပါဘူး။

    ၀မ်ကျင်း သူတို့ရဲ့ ထိုကဲ့သို့ပုံစံတွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ ဒေါသထွက်လာလေသည်။ထို့ကြောင့် သူ့ရဲ့ခြေထောက်တွေနဲ့ ထိုလူ့ခါးအား ညှပ်လိုက်ကာ ထိုသုံးယောက်အား လက်ညှိုးထိုးပြလိုက်ပြီး:"သူတို့ကို ရိုက်,သူတို့ကို ရိုက် !"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now