34

952 155 4
                                    

34

   ယွမ်ဟန် ၀မ်ကျင်းအား ပေါ့ပေါ့ပါးပါး တစ်ချက်လှမ်းကြည့်လိုက်တော့ ၀မ်ကျင်းက သူနဲ့ဘာမှမသက်တာဆိုင်တဲ့ကိစ္စတစ်ခုလိုမျိုး အေးအေးဆေးဆေးနဲ့ ကြည့်နေတာအား တွေ့လိုက်ရလေသည်။

   ထိုအခါကျမှ ယွမ်ဟန်ရဲ့အကြည့်တွေ အနည်းငယ် ပျော့ပြောင်းလာပြီး အမြဲတမ်း တင်းတင်းကြပ်ကြပ် ဖိစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေကလဲ ပြေလျော့လာကာ မျက်နှာပေါ်မှာ အပြုံးရိပ်အနည်းငယ် ပေါ်လာခဲ့၏။

   "အဲ့ဒီတုန်းက ငါ မုကောအာနဲ့ လူကြီးတစ်ချို့ဆီမှာ အကြံဥာဏ် သွားတောင်းနေခဲ့တာ"ယွမ်ဟန် ယွဲ့ကောအာအား ရှင်းပြလိုက်၏။ဒါပေမယ့် မျက်လုံးတွေကတော့ ယွဲ့ကောအာကို ကျော်ဖြတ်ပြီး ၀မ်ကျင်းကိုသာ ကြည့်နေတာကြောင့် ၀မ်ကျင်းကို ရှင်းပြနေတာနဲ့သာ တူနေလေသည်။

   ၀မ်ကျင်း အနည်းငယ် ထိတ်လန့်သွားခဲ့ရ၏။မုကောအာ ထိုစကားကြားလိုက်ရတော့ အမြန် ကူရှင်းပြလိုက်သည်:"ဟုတ်တယ်,အရင်တုန်းက အားကျင်းကို ငါပဲ ဂရုစိုက်ပေးခဲ့တာမို့ အစ်ကိုဟန်က အဲ့ဒီညတုန်းက ငါ့ဆီပြေးလာပြီး အားကျင်းကို ဘယ်လိုဂရုစိုက်ပေးရမလဲလို့ မေးလာခဲ့တယ်,နောက်ကျတော့ . . . "

   "နောက်တော့ အစ်ကိုဟန်က ငါ့အိမ်ကို ရောက်လာခဲ့တယ်"Orcတွေထဲမှ တစ်ယောက်ရဲ့အသံ ထွက်ပေါ်လာလေသည်:"အစ်ကိုဟန်က ငါ့အဖိုးကို လာရှာခဲ့တယ်,ငါ့အဖိုးက မျိုးနွယ်စုထဲမှာ ကောအာကို နားအလည်ဆုံး လူအိုကြီးတစ်ယောက်လေ,အစ်ကိုဟန်က သူ ကောအာရဲ့ Orcဖြစ်တာ ပထမဆုံးမို့ အဖိုးကို ကောအာရဲ့ပြဿနာအကြောင်း မေးမလို့ လာခဲ့တာလို့ ပြောလာတယ်,ဒါပေမယ့် . . . "

   ထိုOrcရဲ့မျက်နှာက ထူးဆန်းသွားပြီး:"ငါ့အဖိုးက အသက်ကြီးနေပြီဆိုတော့ စကားပြောရတာ ကြိုက်လာတယ်လေ,သူက တစ်နေ့လုံး အိပ်နေပြီးတော့ ညဘက်ရောက်တာနဲ့ အရမ်းတက်ကြွနေတော့တာ,အဲ့ဒီညက ရှားရှားပါးပါး သူနဲ့အဖော်ပြုပြီးစကားပြောပေးမယ့်လူ ရှိနေတာနဲ့ သူက အစ်ကိုဟန်ကို ဆွဲထားပြီး စကားပြောနေတော့တာပဲ . . . .ငါတို့လဲ နောက်တစ်နေ့ရောက်တော့မှ အဲ့ဒီကိစ္စကို သိကြတာ . . . အဲ့ဒါကြောင့် အစ်ကိုဟန်က မိုးလင်းတော့မှ ပြန်သွားနိုင်ခဲ့တာ"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now