3

1.7K 198 1
                                    

       ၀မ်ကျင်း သူ့ရှေ့မှာ ရုတ်တရက် အရိပ်တစ်ခုပေါ်လာတာကြောင့် ကြည့်လိုက်တော့ ထိုလူက သူ့ခြေထောက်ကို ညင်သာစွာကိုင်ပြီး တိတ်တဆိတ် ဖိနပ်စီးပေးနေတာအား တွေ့လိုက်ရ၏။

        တွေးပေးတတ်တဲ့ ၀န်ဆောင်မှုကြောင့် ၀မ်ကျင်း ခဏတာ ဘ၀င်ကျသွားခဲ့သည်။သူက ချမ်းသာပြီး မြင့်မြတ်တဲ့ သားဖြစ်နေဆဲလိုပင်။ဘေးပတ်ပတ်လည်မှာ အခြွေအရံတွေ ၀ိုင်းရံနေပြီး သူ့အား အ၀တ်အစား ၀တ်ပေး၊ကျွေးမွေးပြီး သောက်စား နေရသလိုပင် . . . . .

         ၀မ်ကျင်း အရင်ဘ၀တုန်းက အခြွေအရံတွေအားလုံးကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာအား သတိရမိ၏။ဒါပေါ့,သူ အိမ်ကြီးထဲကို ဖိတ်ထားတဲ့ ဧည့်သည်တွေတောင်မှ အားလုံးက ချောမောတဲ့လူတွေကြီးပဲ ဖြစ်သည်။

         ပြီးတော့ ဒီလူ . . . . .

         ၀မ်ကျင်း မျက်လွှာချလိုက်ပြီး လက်ဆန့်ထုတ်လိုက်ကာ ထိုသူ့ရဲ့မျက်နှာပေါ်က အမာရွတ်အား ထိကြည့်လိုက်၏။ဒီအခိုက်အတန့်မှာ ဒီအမာရွတ်ကသာ သူက ချမ်းသာပြီးမြင့်မြတ်တဲ့သား မဟုတ်တော့တာအား အတိအကျ သတိပေးနိုင်တဲ့ အရာဖြစ်သည်။

          ၀မ်ကျင်း ရုတ်တရက် အမာရွတ်က နည်းနည်းစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်လို့ ခံစားလိုက်ရပြီး ကောင်းကောင်း မမှတ်မိနိုင်တော့တာကြောင့် နှုတ်ခမ်းစူသွား၏!

         ၀မ်ကျင်းရဲ့ နူးညံ့တဲ့လက်ချောင်းတွေက သူ့မျက်နှာပေါ်ရှိ အမာရွတ်အား အပြန်ပြန်အလှန်လှန် ပွတ်သပ်နေတာက နွေဦးနေ့မှာ မိုးရေစက်တွေ ကျဆင်းလာသကဲ့သို့ အလွန် သက်တောင့်သက်သာ ရှိလှလေသည်။

          ကောတွေရဲ့လက်တွေက အရမ်း နူးညံ့တာများလား?

          ယွမ့်ဟန် မလှုပ်ရှားဝံ့ဘဲ နေရာမှာ တောင့်ခဲနေပုံက ရန်သူအကြီးစားနဲ့ ဆင်တူလှသည်။

          ၀မ်ကျင်းကတော့ ထိုအရာကို သတိမပြုမိဘဲ ကြမ်းတမ်းတဲ့အမာရွတ်ကို ထိတွေ့နေရင်း ထိုလူရဲ့ ချောမောတဲ့မျက်နှာအား ကြည့်နေမိ၏။ထိုအချိန်မှာဘဲ သူ့စိတ်ထဲ အတွေးတစ်ခု ၀င်လာလေသည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now