30

1K 145 8
                                    

30

   ထိုအသံက သဘာ၀အတိုင်း သာယာနေပြီး နားထောင်ရတာ နွေဦးလေပြည်ကဲ့သို့ပင်။

   လူတိုင်း လှမ်းကြည့်လိုက်ကြတော့ ဆံပင်ရှည်ရှည်နဲ့ ရုပ်ရည်ချောမောတဲ့ ကောအာတစ်ယောက်က ရှက်ရွံ့နေတဲ့မျက်နှာနဲ့ ယွဲ့ကောအာအား ဦးဆောင်ကာ ဘေးချင်းကပ်ပြီး ပြေးလာနေကြတာအား တွေ့လိုက်ရလေသည်။

   သူတို့နောက်မှာတော့ နောက်ထပ်ကောအာ ဆယ်ယောက်လောက်က လိုက်ပါလာ၏။

   "ရှီးကောအာ(ရှီး-တောက်ပသော),ဘယ်လိုဖြစ်လို့ မင်းဖြစ်နေတာလဲ?"ယွိ့ကောအာတစ်ယောက် ထိုကောအာကို မြင်လိုက်ရတော့ မျက်နှာအမူအရာက ပြောင်းသွားခဲ့လေသည်။

   Orcလူအုပ်ကြီးကလဲ ရှီးကောအာကို တွေ့လိုက်ရတော့ အလွန်ရိုသေလေးစားတဲ့ မျက်နှာအမူအရာတွေနဲ့ ကမန်းကတမ်း ဘေးဖယ်ပေးလာကြကာ မုကောအာကလဲ ထိုင်ခုံကို ပြန်ချထားလိုက်၏။

   အိမ်ထဲကနေ ကြည့်နေတဲ့ ၀မ်ကျင်းတစ်ယောက် အံ့အားသင့်သွားခဲ့ရပြီး မသိစိတ်ဖြင့် ထို ရှီးကောအာဆိုသူရဲ့ အထောက်အထားကို ခန့်မှန်းကြည့်နေလိုက်သည်။

   "မင်းတောင် လာလို့ရသေးတာ,ငါက ဘာဖြစ်လို့ လာလို့မရရမှာလဲ?"ရှီးကောအာ ပြုံးကာ ပြောလိုက်ပြီးနောက် တစ်စုံတစ်ရာကို ဖမ်းမိသွားပြီး ဘေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် အံ့အားသင့်နေတဲ့ မျက်နှာအမူအရာနဲ့ အစ်ကိုဟွာကို လှမ်းပြောလိုက်၏:"အားဟွာ,မင်းရဲ့လက်မောင်းက ကောင်းသွားတာလား?"

   အစ်ကိုဟွာ ကိုယ့်လက်မောင်းကိုကိုယ် ပြန်ကြည့်လိုက်ပြီးနောက် အနည်းငယ် သတိထားနေတဲ့ ပုံစံနဲ့ခေါင်းညိတ်ပြလိုက်သည်။ရှီးကောအာ အရှေ့တိုးသွားလိုက်ကာ ထိုOrcရဲ့လက်မောင်းကို လှမ်းကိုင်လိုက်၏။သူ့မျက်နှာပေါ်မှာ ထိန်းမထားနိုင်တဲ့ အပြုံးပေါ်လာပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ အမူအရာ ပေါ်လာလေသည်။

   "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ,ငါ့ဆရာနဲ့ငါတောင်မှ နည်းလမ်းမရှိခဲ့တာလေ,မင်း ဘယ်လို ပြန်ကောင်းသွားတာလဲ?ပြီးတော့ အမာရွတ်တွေကပါ မရှိတော့ဘူး?"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now