အပိုင်း ၂

18.7K 795 4
                                    

[Zawgyi]

ကားနောက်ခန်းမှာထိုင်နေရင်း ရှေ့ခန်းက ကားမောင်းနေသည့် လူကို မျက်စိတချက်ဆွေရင်း ကြည့်မိလိုက်သည်။

ဒီလူကြီးနာမည်က အောင်စေပိုင်။

စေပိုင် Trading Company Lmt. ပိုင်ရှင်။

သူ့အလုပ်က ဒီလူကြီး အနားမှာ တပတ်တိတိ နေရင်း သူ့ကိုကြိုက်လာအောင် လုပ်ရမှာ။

မလုပ်ချင်ပေမယ့် သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ထားသည်မို့ မလုပ်၍ မရတော့။

အဖြစ်အပျက်တွေအားလုံးက ဒီလိုစခဲ့သည်။

တနေ့သော နေ့ခင်းနေ့လယ်တွင် ဇေယျာတိုး ပျင်းပျင်းနှင့် ဖုန်းပွတ်နေခိုက် Messenger မှာ စာဝင်လာခဲ့သည်။

"ဟေ့ကောင် ဒီနေ့ ညနေ မင်းဇော်အိမ်မှာ အစည်းအဝေးရှိတယ်"

"ဘာဖြစ်လို့တုန်း ချက်ချင်းကြီးပါလား"

"မသိဘူး ဒီကောင် စိတ်ညစ်နေလို့တဲ့"

"စကားမများနဲ့ လာမှာလား မလာဘူးလား။မင်းဇော် ဒကာခံမှာတဲ့"

"လာရမှာပေါ့ဟ။ အခုလာပြီ ခနစောင့်"

အစည်းအဝေးဆိုသည်မှာ သူတို့ သူငယ်ချင်းများ၏ လျှို့ဝှက်စကားဖြစ်သည်။

ဆိုလိုသည်မှာ မင်းဇော်တို့အိမ်တွင် ခွက်ပုန်းချပြီး အရက်စုသောက်မည်ဟု ပြောခြင်းသာ။

မင်းဇော်က မိဘတွေမရှိတော့ပဲ အဘွားနှင့်သာ နေခြင်းဖြစ်သည်။

အမ တစ်ယောက်ရှိသော်လဲ အလုပ်လုပ်နေခြင်း ဖြစ်ပြီး တခါတရံအလုပ်ဖြင့် ခရီးထွက်ရလေ့ရှိသည်။

အဘွားသည်လဲ ဒီရက်ပိုင်း တရားစခန်းဝင်သွားသဖြင့် မင်းဇော် အိမ်မှာ လွတ်လပ်နေ၍ ဝိုင်းဖွဲ့သောက်လို့ရခြင်းသာ။

"အမေရေ... သား မင်းဇော်တို့အိမ် သွားအုံးမယ်နော်။ နောက်ကျရင် ပြန်မအိပ်တော့ဘူး ဒီကောင် အိမ်မှာ သူတစ်ယောက်ထဲမို့ စောင့်အိပ်ပေးလိုက်မယ်"

"အေး အေး သား ဂရုစိုက်အုံးနော် စက်ဘီးကိုသေချာစီး"

"ဟုတ် အမေ"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now