အပိုင်း ၂ဝ

9.9K 528 6
                                    

(Zawgyi)

အောင်စေပိုင် အလုပ်ကိစ္စတစ်ခုကြောင့် လုပ်ငန်းရှင်တစ်ဦးနှင့် စကားပြောဆိုနေခိုက် မှန်တံခါးမှတဆင့် ဖြတ်ခနဲ မြင်လိုက်ရသော အနီရောင် အရိပ်ကလေးတစ်ခု။

အရိပ်ကလေးမြင်ရရုံနဲ့တင် ကောင်လေးမှန်း တန်းမှတ်မိနေသောကြောင့် ဇေလေးမှန်း သိလိုက်ပေမယ့် သေချာတော့ ဂရုတစိုက် လိုက် မကြည့်မိလိုက်။ ကောင်လေးဟာလဲ လူငယ်အရွယ်လေးပေမို့ သူ့မှာလဲသူငယ်ချင်းတွေနှင့် လျှောက်လည်ကာ အချိန်ကုန်ရမည့် အားလပ်ချိန်လဲ ရှိရအုံးမှာပေါ့။ ထို့ကြောင့်သာ လုပ်ငန်းရှင်နှင့် ပြောလက်စ လုပ်ငန်းကိစ္စကိုသာ ဆက်လက်ပြောဆိုနေလိုက်သည်။

လုပ်ငန်းကိစ္စများပြီးတော့ ပြန်အထွက်တွင် တဖက်ကော်ဖီဆိုင်သို့ သွား၍ ကြည့်ရန်ဆုံးဖြတ်လိုက်မိသည်။ နေတွေအရမ်းပူနေသည်မို့ ကောင်လေးကို အိမ်ပြန်လိုက်ပို့ပေးရန် အတွေးဖြင့်။

ကော်ဖီဆိုင်လေးထဲသို့ ဝင်လိုက်သည့်အခါ ဆိုင်လေးက ချစ်စရာအပြင်ဆင်လေးနှင့် ပန်းအလှပင်များ ဝက်ဝံရုပ်များနှင့် အလှဆင်ထားသောကြောင့် ကောင်မလေးတွေ ပိုများလေသည်။ ထို့နောက် စုံတွဲလေးတွေနှင့် မိန်းကလေးသူငယ်ချင်းများ အုပ်စုဖွဲ့ကာ ဓာတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရသည်။

ဆိုင်ထဲဝင်ကာ လိုက်ရှာကြည့်တော့ ထောင့်တစ်နေရာမှာ ထိုင်ရင်း ကောင်မလေးတစ်ယောက်နှင့် ရယ်မောကာ စကားတွေပြောနေသည့် ဇေယျာတိုးကို တွေ့လိုက်ရသည်။

ဒီလိုဆိုင်နေရာမျိုးကို ကောင်မလေးနှင့် နှစ်ယောက်ထဲ လာပြီး ထိုင်နေသည် ကြောင့် စိတ်ထဲတမျိုးတမည်တော့ ဖြစ်သွားရသော်လဲ စိတ်ကိုထိန်းလိုက်မိသည်။ သူငယ်ချင်းဖြစ်လောက်မည် ဟုသာ စိတ်ကို ထိန်းတွေးပြီး မကောင်းသောအတွေးများကို ဖျောက်ဖျက်လိုက်မိသည်။

ဇေလေးကို သူယုံကြည်ပေးသင့်တယ် မဟုတ်လား။
ထို့သို့စိတ်ကို လျော့နေခိုက် ဇေယျာတိုးဆိုသည့်ကောင်လေးမှာ သူ့ဘေးနားက ကောင်မလေးလက်ကို ကိုင်လိုက်ရင်း ရယ်မောပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရသည်အခါ ဒေါသတို့က ထောင်းခနဲ ထွက်သွားတော့သည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now