အပိုင်း ၂၉

9.2K 453 7
                                    

(Zawgyi)

[Sexual Content Alert]

ချစ်သူနှစ်ဦးသားတို့၏ အနမ်းတွေက ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ငတ်မွတ်သိပ်စွာ ပူလောင်ပြင်းပြစွာ နမ်းရှိုက်နေကြသည်။

အသက်ရှုဖို့ရာလဲ သတိမရတော့ပဲ ကြားလေပင် မဝင်ရောက်နိုင်တော့အောင် ပူးကပ်စွာ နှစ်ကိုယ့်တစ်စိတ် ဖြစ်လောက်သည်အထိ ဖက်တွယ်ထားကြလေသည်။ လျှာတွေအချင်းချင်း ရစ်ပတ်လိမ်ယှက်ကာ လက်တွေဟာလဲ သက်ရှိသတ္တဝါလေအလား တစ်ယောက် ခန္ဓာကိုယ်ပေါ် တစ်ယောက် ဟိုဟိုဒီဒီ လူးလွန့်ပြေးလွှားကစားကာ ပွတ်သပ်နေမိကြသည်။

အနမ်းတွေကြားထဲ ဇေယျာတိုး ခန္ဓာကိုယ်မှာ ပျော့ညွှတ် ခွေကျကာ ခြေထောက်တွေပင် မခိုင်တော့ပဲ တစ်စုံတစ်ခုနှင့် တိုက်မိကာ ပြိုလဲကျတော့သည်။ လဲကျသွားသည့်တိုင် အနမ်းတို့ကို ဖယ်ခွာချင်းမပြုနိုင်ပဲ တရှိုက်မက်မက်သာ ဆက်လက် နမ်းရှိုက်နေမိသည်။ အိစက်ညက်ညောသော အထိအတွေ့ကြောင့် ကုတင်ပေါ် ပြိုလဲကျသွားမှန်းတော့ ရိပ်စားမိလိုက်သည်။

ဒါပေမယ့်လဲ ဂရုမစိုက်နိုင်အား အနမ်းတွေကိုသာ အငမ်းမရစွာ လက်ခံနေမိသည်။ အနမ်းတွေမှာ ကြာရှည်လာသောအခါ လိုချင်တောင့်တစိတ်ကို ဖြစ်ပေါ်လာစေသည့် ရမ္မက်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တော့သည်။

ဦးနှောက်၏ စေခိုင်းချက် အသိမရှိပါပဲ လက်တို့က အကျီကြယ်သီးတို့ကို တလုံးချင်းဖြုတ်နေမိသည်။ အဆက်မပြတ် နမ်းရှိုက်နေသော အနမ်းတွေကြောင့် တံတွေးတို့ကိုမျိုချဖို့လဲ မစွမ်းနိုင်တော့သဖြင့် အာခံတွင်းထဲမှ အရည်ကြည်တို့ဟာ အပြင်ဘက်သို့ပင် စီးဆင်းလာသည်။

အကျီကြယ်သီးတို့ကို ဖြုတ်နေမိသည်မှာ ကုန်သလောက်ပင်နီးပါးဖြစ်နေလေတော့သည်။ မျက်စိရှေ့ပေါ်လာသော ရင်အုပ်ကျယ်ကျယ်ကြီးကို လက်တို့နှင့် ထောက်ကန်မိတော့ အသားချင်းထိကပ်ထားရသည့် ခံစားချက်က သူတို့နှစ်ယောက်လုံးကို ပိုမိုလောင်မြိုက်စေသည်။ အောင်စေပိုင်က နမ်းရှိုက်နေသော အနမ်းတို့ကို ခေတ္တခန ရပ်ကာ ဇေယျာတိုးကို ကြည့်လာရင်း

"ဇေလေး"

ကိုစေ၏ ခေါ်သံက နူးညံငြင်သာပေမယ့် ပြင်းပြသော လိုချင်တက်မက်မှု တစ်ခုပါဝင်နေသဖြင့် တုန်ယင်နေသည်ဟုပင် ထင်ရ၏။ သူ့အပေါ်အုပ်မိုးထားသည့် အောင်စေပိုင်ကို ကြည့်မိတော့ မျက်ဝန်းတွေက ကြည်လဲ့စွာ ပူလောင်လှသည့် ဓာတ်ကို ခံစားမိသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now