အပိုင်း ၃၉

8K 385 1
                                    

(Zawgyi)

ဘုန်းကြီးကျောင်း တခုတွင် လည်ကတုံးအင်္ကျီ နှင့် ပိုးပုဆိုးဆင်တူ ဝတ်ဆင်ထားပြီး ဆွမ်းဆပ်ကပ် လှူဒါန်းနေကြသော အောင်စေပိုင်နှင့် ဇေယျာတိုး။

မင်္ဂလာဦးဆွမ်းကပ်ပွဲလေးကို လူကြီးသူမများနှင့်သာ ဘုန်းကြီးကျောင်းတစ်ခုတွင် အလှူဒါနပြုရင်း ကုသိုလ်ယူခဲ့ကြသည်။ ဇေယျာတိုးမှာတော့ ဒီကနေ့လေးတွင် အမြဲတမ်းရှိနေကျ ဆံပင်အနီရောင်လေးကို အမဲရောင်သို့ ပြောင်းလဲထားလေသည်။

သံဃာတော်များကို တနေ့တာ ဆွမ်းဆက်ကပ်လှူဒါန်း ရသည်ကို ဇေယျာတိုး ဝမ်းသာကြည်နူးမဆုံး ဖြစ်ရတော့သည်။ အထူးသဖြင့် ဒီနေ့လို သူတို့နှစ်ယောက်၏ ရက်မြတ်မင်္ဂလာလေးမှာ ဒီလိုကုသိုလ်မျိုးကို နှစ်ယောက်အတူတကွ ပြုလုပ်ရသည့်အတွက်လဲ ပိုဝမ်းမြောက်ရသည်။

LED ရောင်ပြေးများနှင့် ပြေးနေသော အလှူရှင်စာရင်း ကြေညာသည့် ဆိုင်းဘုတ်ပေါ်မှာတော့ အောင်စေပိုင်+ဇေယျာတိုး ဟူသည့် စာတန်းလေးက အဆက်မပြတ်ပြေးလွှားနေသည်လေ။ မှိတ်တုတ်မှိတ်တုတ် ပြေးလွှားနေသည့် ဆိုင်းပုဒ်လေးကို ကြည့်ပြီး ပြုံးနေမိရင်း အောင်စေပိုင်က သူ့အနားမှာ လာရပ်သဖြင့်

"ကျေးဇူးတင်ပါတယ် ကိုစေ။ ကျွန်တော့် တစ်ဘဝလုံး အနားမှာ ရှိပေးမယ့် ကတိကို ပေးခဲ့လို့"

"ကိုယ်ကသာ ဇေလေးကို ကျေးဇူးတင်ရမှာပါ။ ကိုယ့်ကို ဇေလေးအနားမှာ တသက်လုံးရှိနေခွင့်ပေးခဲ့လို့"

ဘုန်းကြီးကျောင်းတစ်ခု၏ ဆွမ်းစားဆောင်မှာတော့ LED များဖြင့် ပြေးလွှားနေသော နာမည်စာရင်းလေးကို ပြုံးရင်းကြည့်ကာ ရပ်နေကြသည့် ယောက်ျားလေးနှစ်ဦး။

~~~~~~~~~~~~~~

နေ့ခင်းရောက်တော့ အောင်စေပိုင့်အိမ်မှာပဲ ရှေ့နေ့အသိသက်သေများနှင့် မင်္ဂလာလက်ထပ်စာချုပ်တွင် လက်မှတ် ရေးထိုးကြလေသည်။

လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုထားသော နိုင်ငံမဟုတ်သဖြင့် အောင်စေပိုင်နှင့် ဇေယျာတိုးတို့မှာတော့ တရားရုံးသို့ သွားကာ တရားဝင် လက်ထပ်ခွင့်တင်ခြင်း ပြုလုပ်လို့မရပေ။ သို့သော်လဲ အောင်စေပိုင်က နာမည်ကြီးရှေ့နေ့များကို ငှားရမ်းကာ အသိသက်သေများရှေ့မှောက်တွင် လက်ထပ် လက်မှတ်ရေးထိုးခြင်း ပြုခဲ့ကြလေ၏။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now