အပိုင်း ၂၁

10.2K 544 2
                                    

(Zawgyi)

အောင်စေပိုင်က ဇေယျာတိုး အဖြေကို ကြားတော့ ခနတော့ ငြိမ်သက်သွားသည်။

ထို့နောက် လက်တစ်ဖက်က ဇေယျာတိုး နှလုံးသားနေရာကို သွားရောက် ဖိကပ်ထားသည်။ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် လှုပ်ခါနေသည့် နှလုံးသားက ရင်ဘတ်ပေါ် မှာ ဖိကပ်ထားသည့် အောင်စေပိုင်လက်ကိုပင် သွားထိမှန်သည်။ ဇေယျာတိုး နှလုံးသားက သူ့လက်ဖဝါးပြင်ကိုပင် ထိရိုက်နေသည်အထိ ခုန်ပေါက် လှုပ်ယမ်းနေသဖြင့် ရယ်မောလိုက်မိသည်။

ဒီကောင်လေးဟာလေ မလိမ်တတ်ပဲ လိမ်ချင်သေးတယ်။

အောင်စေပိုင်၏ ရယ်မောမှုက မျက်နှာတစ်ဖက်လှည့်ထားသည့်တိုင် နှာခေါင်းမှ လေနွေးနွေးလေးတွေက ဇေယျာတိုး၏ လည်ပင်းနားကို လာတိုးဝှေ့သည်။
ထိုအချိန် နှာခေါင်းနစ်ဝင်သည်အထိ ပါးကို နင့်နင့်နဲနဲ နမ်းခံလိုက်ရသဖြင့် ဇေယျာတိုး လန့်သွားမိသည်။ အောင်စေပိုင်၏ အနမ်းက နက်နဲလှစွာဖြင့် ဇေယျာတိုး၏ နှလုံးသားသို့ပင် တိုက်ရိုက် ထိမှန်သလားပင် မှတ်ရသည်။ မျက်စိကိုအတင်းမှိတ်ချကာ လက်သီးဆုတ်ထားခိုက် ရုတ်တရက် ခန္ဓာကိုယ်ကအပေါ်မြောက်သွားပြီး ပုခုံးထမ်းတင်ခံလိုက်ရသော ခံစားချက်။

"ဘာလုပ်တာလဲကိုစေ ကျွန်တော့်ကို အောက်ချ....အင့်"

ပြောသည့် စကားမဆုံးသေးခင်မှာတင် ကုတင်ပေါ် ပစ်တင်ခံလိုက်ရသော ဇေယျာတိုး။

"ဘာ ဘာ လုပ်မလို့လဲ ကိုစေ..."

"ကိုယ့် ခံစားချက် ကိုယ်မသိသေးတဲ့ ကောင်လေးကို ခံစားချက်တွေ သိအောင်လုပ်ပေးမလို့လေ"

"ကိုစေ မလုပ်နဲ့နော်"

ဒေါသထွက်နေပုံရကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သော အောင်စေပိုင်ကြောင့် ဇေယျာတိုးထိတ်လန့်လာမိသည်။ ရုန်းကန်နေသော လက်တို့ကို ချုပ်ကာ အပေါ်မြောက်တင်၍ မွေ့ရာနှင့် ဖိကိုင်ထားကာ အပေါ်မှ အုပ်မိုးလာသော အောင်စေပိုင်။

အောင်စေပိုင်က အပေါ်မှအုပ်မိုး၍ သူ့ကို မျက်နှာချင်းဆိုင်ကြည့်လာသဖြင့် နီးကပ်လွန်းလှသော အနေအထားကြောင့် ခန္ဓာကိုယ်က ရုတ်ချည်းထကြွကာ ဆန္ဒပြလာသည်။ အောင်စေပိုင်က နဖူးကို နမ်းရှိုက်ပြီး လျှာဖျားဖြင့် နားရွက်ကလေးကို တို့ထိလိုက်သည်မို့ ဇေယျာတိုး တကိုယ်လုံး ကြက်သီးမွှေးညင်းများပင် ထသွားရသည်။

နှလုံးသားအရင်းအနှီး [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ