အပိုင်း ၈

10.3K 608 14
                                    

[Zawgyi]

"မင်းဘဲကြီးနဲ့ အခြေအနေ ဘယ်လိုလဲ"

"လာပြန်ပြီလား မင်းဘဲကြီး။ မဟုတ်ပါဘူး ဆိုနေ "

"အေးပါကွာ။ စတာ။ ဒီနေ့ တပတ်ပြည့်ပြီနော် အခြေအနေက ဘယ်လိုလဲ"

"ဒီအတိုင်းပဲ"

"ဟာ မင်းဟာက ဘာမှမထူးခြားဘူးလား ကျောင်းတောင် အပို့အကြို လိုက်လုပ်ပေးနေတာကို"

"မသိဘူးကွာ။ အဲ့ဘဲကြီးကို ငါကြောက်တယ်။ သူ့ရှေ့ရောက်ရင် စကားမပြောရဲတော့ဘူး"

"ဘာဖြစ်လို့လဲ ရင်ခုန်လို့လား"

"ဘောကို ရင်ခုန် ဘောကို ရင်ခုန်..."

ပြောနေသည့် ဖြိုးပိုင်အောင် ကို ဆောင့်ကန်လိုက်တော့ ဖြိုးပိုင်အောင်က ရှောင်လိုက်သည်ပင်။

ထိုအခါ မင်းဇော်က ဝင်ထောက်သည်။

"ဘယ်လိုလုပ်အခြေအနေထူးမှာလဲကွ။ ဒီကောင်က နှစ်ရက်ဖျားလိုက်တာလေ။ အဲ့တာ သူ့ဘဲကြီးကို မြူစွယ်ဖို့အချိန်ဘယ်ရတော့မလဲ"

"အဲ့တာလဲ ဟုတ်သားနော်။ နှမြောလိုက်တာ။ မဟုတ်ရင် ကိုရီးယားကားထဲကအကွက်တွေသုံးရမှာ အများကြီးကျန်သေးတယ်"

"ဘယ်လိုမျိုးလဲ"

"ဥမပါ...."

"ဥပမာ လုပ်ပါကွာ"

"အေးအေး မှားလို့။ ဥပမာ မင်း ကမူးနေတဲ့အချိန် ကောင်လေးတွေက နှောက်ယှက်လို့ မင်းဘဲကြီးက ဝင်ကူညီပေးတာမျိုးပေါ့"

"ဘောပဲ ချက်ကြီးရေ။ ငါက ယောက်ျားလေးဟ"

"အေး ဟုတ်သား။ ဒါဆို မူးပြီး တညအတူအိပ်မိတာတို့"

"ငါ့လခွီးထဲမှပဲ ဟရောင့်တွေရေ။ ငါ့ကို အရောက်ပို့ဖို့ စီစဉ်နေကြတာလား"

"အဲ့လိုလဲ မဟုတ်ပါဘူးကွာ။ ကိုယ့်သူငယ်ချင်းလေးကို လင်ကောင်းသားကောင်း ရစေချင်တဲ့ စေတနာနဲ့ပါ"

"ချီးကို လင်ကောင်းသားကောင်းရ ငါကမိန်းမယူမှာကွ။ မိန်းမယူပြီး ကလေးတွေအများကြီးမွေးမှာ ဟမ့်"

"အေးပါ ကွာ ငိငိ အဲ့လိုပြောတဲ့သူတွေပဲ အောက်ရောက်သွားတာ များတယ် ခွီး.."

နှလုံးသားအရင်းအနှီး [Complete]حيث تعيش القصص. اكتشف الآن