အပိုင်း ၂၃

9.3K 487 1
                                    

(Zawgyi)

အိမ်ရှေ့မှာ ကားရပ်ပြီးသည့်တိုင် ကားပေါ်ကမဆင်းပဲ အောင်စေပိုင် လက်ကိုကိုင်ထားကာ နှုတ်ခမ်းဆူပြီး ထိုင်နေသည့် ကောင်လေး။

"အိမ်ရောက်ပြီလေ ဘာဖြစ်လို့လဲ"

"ကိုစေနဲ့ မခွဲချင်လို့"

နှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့ပြောလာသည့် ကောင်လေးကို သဘောကျလွန်းလို့ ရယ်မောကာ ခေါင်းကိုပုတ်လိုက်မိသည်။

"ဇေလေးက ငချွဲလေးပဲ"

ထို့နောက် ကောင်လေးက ကိုင်ထားသည့်လက်တွေကို လှုပ်ယမ်းလာပြီး

"ကိုစေ ကိုစေ"

"အင်း"

"ကျွန်တော့်ကို အိမ်ပြန်အနမ်းပေး"

နှုတ်ခမ်းလေး ရှေ့ကိုထော်ကာ ပြောနေသည့်ကောင်လေးကြောင့် တချက်ပြုံးလိုက်မိသည်။ ကောင်လေး အလိုကျ နှုတ်ခမ်းကို တချက်ထိကပ်ကာနမ်းလိုက်ပြီး ခွာလိုက်တော့ ကောင်လေးက သူ့အင်္ကျီကော်လံတွေကို ဆွဲလိုက်ပြီး ဖယ်ခွာခွင့်မပေးပဲ တရှိုက်မက်မက် နမ်းရှိုက်လာသည်။

မနမ်းတတ် နမ်းတတ်နှင့် သူ့နှုတ်ခမ်းတွေကို လိုက်လံနမ်းနေသောကောင်လေးကြောင့် သူကပဲ ခေါင်းလေးကို ထိန်းကိုင်ကာ ဦးဆောင်လိုက်ရတော့သည်။ အနမ်းတွေမှာ သူ့ဦးဆောင်မှုအောက်ရောက်မှ အဆင်ပြေသွားတော့သည်။

အနမ်းရေယာဉ်ကြောမှာ စီးမြောနေရင်း လျှာတွေ အချင်းချင်း ရစ်ပတ်ငြိတွယ်ကာ သွားချင်းပင် ထိမိပွတ်တိုက်ကုန်ကြသော်လဲ မရပ်တန့်မိ။ အောက်ဆီဂျင်ပြတ်လတ်နေသည်ကိုလဲ ဂရုမစိုက်မိတော့။ ကောင်လေး၏ နှုတ်ခမ်းပါးပါးတွေကို စားသုံးရင်း အချိန်ကြာလာသောအခါ လက်တွေဟာလဲ အလိုအလျှောက်ပင် ခန္ဓာကိုယ်ပေါ် ပြေးလွှားကစားနေမိသည်။

ထိုအချိန် ရုတ်တရက်ခေါင်းထဲသို့ အတွေးတချို့ဝင်လာ၍ အနမ်းစီးချင်းကို ဘရိတ်အုပ်ကာ ရပ်တန့်လိုက်မိသည်။ နှုတ်ခမ်းတို့ ဖယ်ခွာလိုက်တော့ ကောင်လေး၏ အနီရောင်နှုတ်ခမ်းပါးပါးတို့မှာ အရည်လဲ့နေတော့သည်။ နဖူးချင်းထိကပ်ထားလျှက် ပြတ်လတ်သွားသော အောက်ဆီဂျင်တို့ကို အခုမှသာရှုသွင်းရတော့သည်။ ကောင်လေးက ခနနေတော့ မျက်ဝန်းတို့ကို ဖြေးညှင်းစွာ ဖွင့်လိုက်ရင်း သူ့ကိုကြည့်လာသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now