အပိုင်း ၂၄

8.8K 513 7
                                    

(Zawgyi)

အောင်စေပိုင်လဲ သူငယ်ချင်းများ နှင့်ချိန်းထားသည့် တွေ့ဆုံပွဲကြောင့် Club တစ်ခုအတွင်းသို့ရောက်နေရသည်။

အောင်စေပိုင်အဖို့ ဒီလိုလူရှုပ်ထွေးလှကာ ဆူညံပွက်လောရိုက်နေသည့် Clubကို မကြိုက်နှစ်သက်လှသော်လဲ သူငယ်ချင်းထဲက တစ်ယောက်မှာ Club ဖွင့်ထားသည်မို့ ရောက်လာရသည်။ တော်သေးသည်က Clubမှာ အောက်ထပ်တွင် ဖြစ်ပြီး သူတို့မှာက အပေါ်ထပ်ရှိ VIP စားသောက်ခန်းတွင်ဖြစ်သည်။

"စေပိုင် မင်းဒီရက်ပိုင်း ပျောက်ချက်သား ကောင်းနေပါလား။ ငါတျို့နဲ့ Dinner အတူ မစားဖြစ်တာတောင်ကြာပြီ"

သူငယ်ချင်းတစ်ယောက်၏ အမေးကို အောင်စေပိုင်က ဝိုင်ခွက်ကို ကိုင်ပြီး လှည့်ရင်း သာပြုံးလိုက်သည်။ အဖြေတော့ပြန်မပေး။

"ဒီကောင်ကတော့ လျှိုနေပြန်ပြီ။ မင်းမပြောလဲ ငါတို့နဲနဲတော့ သိပါတယ်နော်။ သတင်းတွေကြားပါတယ်"

"ဘာသတင်းလဲ"

"အော် စေပိုင်ကုမ္ပဏီရဲ့ ပိုင်ရှင် ဦးအောင်စေပိုင်က ကောင်လေးတစ်ယောက်ကို နေ့တိုင်း ကျောင်းကြိုကျောင်းပို့ လုပ်နေတဲ့ သတင်းတွေပေါ့"

အောင်စေပိုင်ကတော့ ဝိုင်ခွက်ကို တစ်ငုံသောက်ပြီး ပြန်ချထားကာ ပြောသည်။

"ကြားထားရင်လဲ ပြီးတာပဲပေါ့ကွာ။ မင်းတို့ထက် အရေးကြီးတဲ့သူမို့ မင်းတို့ကို အချိန်မပေးတာပေါ့"

"ဟား ဟား ဒီကောင်ကတော့ စကားပြောရတာ အခုထိ လက်ပေါက်ကပ်တုန်းပဲ"

"အေး။ ငါတို့က မင်းကျောင်းတက်ထဲကသာ ပေါင်းလာတာမို့။ မသိတဲ့သူသာဆို မင်းပြောပေါက်က ထရိုက်ချင်စရာ အချိုးနဲ့ မအေဘေး"

အောင်စေပိုင်ကတော့ သူငယ်ချင်းတွေကို ဘာမှမပြောပဲ ပြုံးသာပြုံးသည်။

"ဒီလောက် စကားပြောရတာ လက်ပေါက်ကပ်ပြီး ဘယ်သူနဲ့မှအဆင်မပြေတဲ့ ရေခဲတုံးကြီးကို ဘယ်သူကအရည်ပျော်အောင် ဖျော်သွားလဲ သိချင်လိုက်တာ"

"အေး ဟုတ်တယ်။ တရက်လောက် ငါတို့နဲ့မိတ်ဆက်ပေးအုံးလေ"

"မင်္ဂလာဆောင်ကျ ဖိတ်လိုက်မယ်။ အဲ့ဒီကျမှ လက်ဖွဲ့နဲ့ လာခဲ့"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now