အပိုင်း ၄၀

8.5K 377 1
                                    

(Zawgyi)

[Sexual Content Alert]

အောင်စေပိုင်လဲ သူငယ်ချင်းများဆွဲထားသည့် လက်မှ အသဲအသန်လွတ်အောင် ရုန်းထွက်လာရသည်။ ဒါတောင် ဟော်တယ်ခန်းမကအချိန်ပြည့်သွားလို့ မဟုတ်ရင် ဆက်ဆွဲထားကြအုံးမှာ။

ဘိုကင်ယူထားသည့် ဟော်တယ်အခန်းထဲ ရောက်တော့ ချစ်ရသည့် ကောင်လေးကိုမတွေ့ရ။ သို့ပေမယ့် ရေချိုးခန်းထဲက ရေကျသံကြားရ၍ ရေချိုးနေသည်မှန်း သိလိုက်ရသည်။ ဝတ်ထားသည့် ကုတ်အင်္ကျီနှင့် နက်ကတိုင်တို့ကို ဖြုတ်ကာ ချွတ်လိုက်ရင်း ထိုင်ခုံမှာထိုင်လိုက်သည်။

ဝိုင်နှင့် ရှန်ပိန်တို့ကို သိပ်မကြိုက်လှသော်လဲ သူငယ်ချင်းများက အတင်းကာရော သောက်ခိုင်းသဖြင့် တခွက်နှစ်ခွက်လောက် သောက်ခဲ့ရသည်မို့ ရင်ပူနေရသည်။ ပူနေသောရင်ကြောင့် အခန်းထဲရှိ ရေခဲသေတ္တာထဲမှ ရေကို ယူသောက်နေခိုက် ရေချိုးခန်းတံခါး ဖွင့်သံကြားလိုက်ရသည်။ ရေချိုးခန်းတံခါးပွင့်သံနောက်မှာ ထွက်လာသော ပုံရိပ်လေးကြောင့် အောင်စေပိုင် တစ်ယောက် ရေသောက်နေရင်း သီးသွားရတော့သည်။

"အဟွတ် အဟွတ်"

ရေချိုးခန်းထဲက ထွက်လာသည်မှာက Sexy ဆန်လှသည့် ညဝတ်အင်္ကျီဂါဝန် အတိုလေးနှင့် ကောင်လေးတစ်ယောက်။

အင်္ကျီ၏ လက်တလုံးကြိုးလေးကြောင့် ဖြူဖွေးနေသော ပုခုံးသားလေးတွေမှာ ဖုံးကွယ်စရာမရှိ။ ထိုမှတဆင့် ရင်နေရာမှာတော့ ပိတ်သားအစား ဇာကိုသာ အသုံးပြုထားသောကြောင့် အနီရဲရောင်ပွင့်ဖတ်လေးနှစ်ခုကို ဝိုးတဝါးမြင်နေရသည်မှာက အသဲယားစဖွယ်ပင်။ ခါးတွင်တော့ ခပ်ပျော့ပျော့ ပိုးသားလေးကို အသုံးပြုထားပြီး တိုလွန်းလှသော ညအိပ်ဝတ်စုံဂါဝန်လေးမှာ ပေါင်လယ်ထိပင် မရောက်ပါ။ ထို့အပြင် ပိုးသားအပျော့ဖြစ်သဖြင့် ပိတ်သားလေးက အိတွဲကျနေကာ လူ့အသားနှင့်ကပ်နေပြီး အောက်ခံဘာမှမဝတ်ဆင်ထားသော ကောင်လေး၏ အဖုအထစ်များကို အတိုင်းသားမြင်နေရစေသည်။

တကိုယ်လုံး နီမြန်းနေသည့် ကောင်လေးကတော့ ရှက်ရွံ့စွာနှင့်သာ ရေချိုးခန်းရှေ့တွင်ရပ်နေပြီး ခြေထောက်လေးတွေကို လိမ်ယှက်ကာ ထားသည်။အောင်စေပိုင် မျက်စိရှေ့က ရှက်နေသည့် ကောင်လေးကို ရေချိုးခန်းရှေ့ကနေ ဆွဲပွေ့ချီယူလိုက်ကာ မျက်နှာအနှံ့ နမ်းရှိုက်ပစ်လိုက်တော့ ကောင်လေးက ရင်ဘတ်ကိုလက်နဲ့ တွန်းကာ လာသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now