အပိုင်း ၁၃

10.2K 596 1
                                    

(Zawgyi)

လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ခံရပြီး ကားရှိရာ တဖက်ကားလမ်းကို ကူးကာ ကားဆီပြန်သွားနေသော အောင်စေပိုင်။

လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် တဒိတ်ဒိတ် ခုန်နေသော လက်က သွေးခုန်နှုန်းကိုပါ ခံစားနေရပြီး နာကျင်လာသည်။ ဒေါသထွက်နေပုံရသော အောင်စေပိုင်ကြောင့် နာနေသော်လဲ ဘာမှမပြောရဲပဲ တိတ်တဆိတ်သာ လိုက်လာမိသည်။

ကားရှေ့ရောက်တော့မှ လက်လွှတ်ပေးတာကြောင့် ကားပေါ်သာ တက် ထိုင်လိုက်သည်။နာနေသော လက်ကောက်ဝတ်ကို သာသာပွတ်လိုက်ရင်း အောင်စေပိုင့်ကို တချက်ခိုးကြည့်မိတော့ ကားမမောင်းသေးပဲ မျက်မှောင်ကြုံကာ ထိုင်နေဆဲ။

"မင်းအသက် ဘယ်လောက်လဲ ဇေယျာတိုး"

ရုတ်တရက်လှည့်ပြီး အံကြိတ်ကာ မေးလိုက်သဖြင့် အထေ့ထေ့အငေါ့ငေါ့ ဖြင့် ဖြေလိုက်မိသည်။

"နှစ်....နှစ်ဆယ်ပါ ကိုစေပိုင်"

"အေး...မင်း အသက်နှစ်ဆယ်ရောက်နေပြီ ဒီကားလမ်းလေးတောင် သေချာမကူးတတ်ဘူးလား။ မင်းထက် အသက်အများကြီးငယ်တဲ့ ၁ဝနှစ်ကလေးတောင် မင်းထက်ကူးတတ်တယ်။ ဒီအသက်ရွယ်ရောက်နေပြီး ကားလမ်းကူးတာလေးတောင် အဖြစ်ရှိအောင် မကူးတတ်ဘူးလား ဟမ်။ ကားတိုက်ရင် သေတတ်တာ မင်းနားမလည်ဘူးလား"

"နား.....နားလည်ပါတယ်"

ခေါင်းလေးငုံကာ ငိုမဲမဲ့ မျက်နှာငယ်လေး ဖြစ်သွားသော ဇေယျာတိုးကြောင့် အောင်စေပိုင်လဲ ထပ်ပြောဖို့ စကားတွေ ထွက်မလာတော့။

ဒီကောင်လေးဟာ အမြဲပေါ့တီးပေါ့ဆ လုပ်လွန်းတယ်။ အခုလဲ ကြည့် သူတွေ့ပြီး လှမ်းဆွဲတာ မြန်လို့ပေါ့။မဟုတ်ရင် မတွေးရဲစရာပဲ။သူနဲ့စတွေ့တုန်းကလဲ သွားနေတဲ့ ကားရှေ့ ဖြတ်ပြေးပြီး ချော်လဲတာ မဟုတ်လား။

ဟူး.....ဒီကောင်လေးနဲ့တော့ မလွယ်ပါဘူး။

ဘေးနားက ကောင်လေးကို တချက်ကြည့်မိတော့ ကားပြတင်းပေါက်ကို မျက်နှာလှည့်ကာ လက်ကောက်ဝတ်ကိုသာ ပွတ်နေလေသည်။ကိုယ့်စိတ်ကိုယ်သာ လျော့ရင်း ကားသာမောင်းလိုက်မိတော့သည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now