အပိုင်း ၃၀

9.4K 432 1
                                    

(Zawgyi)

အိပ်ရာနိုးလာတော့ အောင်စေပိုင်က သူ့ကို ရင်ခွင်ထဲ ပွေ့ ဖက်ထားရင်း ကြည့်နေလေသည်။ ကိုစေ အကြည့်တွေကြောင့် သူရှက်ရပြီး ရင်ဖိုရပြန်သည်။ အကြည့်တွေကို လွှဲလိုက်တော့ အောင်စေပိုင်က သူ့လက်တွေကို ဆွဲယူကာ လက်ချောင်းလေးတွေကို ခပ်ဖွဖွထိကပ်ရင်း နမ်းရှိုက်လာသည်။

"နိုးပြီလား"

"အင်း"

"အဆင်ပြေရဲ့လား နာနေသေးလား"

"ဟင့်အင်း မနာဘူး"

"အဲ့ဒါဆို ထနိုင်လား။ ကိုယ် သန့်ရှင်းရေးလုပ်ပေးမယ်"

ထမလို့ပြင်လိုက်ပေမယ့် ထလို့မရ။
နာကျင်မှုဒဏ်ကို သိပ်မခံရပေမယ့် ခြေထောက်တွေက အခုထိ တုန်ယင်နေဆဲ။

"ထမရဘူး"

"ဘာဖြစ်လို့လဲဟင် နာလို့လား"

ရှက်သည်းစွာနှင့် ခေါင်းကိုဖြေးညှင်းစွာ ခါလိုက်မိသည်။ ပြီးနောက် အသံတိုးတိုးဖြင့်သာ

"ခြေထောက်တွေ တုန်နေလို့"

ပြောလိုက်တော့ အောင်စေပိုင်က အော်ဟစ်ရယ်မောလာသည်။ ပြီးတော့ သူ့ပါးကိုနှင့် နဖူးတို့ကို ဆက်တိုက် မွှေးကြူနမ်းရှုံ့လာတော့သည်။ ကုတင်ပေါ်က သူ့ကို ပွေ့ချီကာ ရေချိုးခန်းထဲသို့ ခေါ်ဆောင်သွားပြီး Bathtub ထဲ ထည့်ပေးရင်း ရေတို့ကို ဖြေးညင်းစွာ ဖွင့်ချပေးလာသည်။

နူးညံ့ငြင်သာစွာ ပွတ်တိုက်ဆေးကြောပေးနေသည့် အောင်စေပိုင်ကို ကြည့်ရင်း ချစ်စိတ်များက တဖွားဖွား တိုးပွားလာရသည်။ ချစ်ခြင်းတို့အပြည့်ဖြင့် ဆေးကြောပေးနေသည့် အောင်စေပိုင်၏ ပါးကို နှာခေါင်းနှင့် ပွတ်ရင်း နမ်းလိုက်မိသည်။

အောင်စေပိုင်က သူ့ကိုပြန်ကြည့်လာရင်း နှုတ်ခမ်းတို့ကို ထပ်မံ နမ်းရှိုက်လာပြန်သည်။ ခန္ဓာကိုယ်ကို ပွတ်တိုက်ဆေးကြောပေးနေသည့် လက်များက ရေအောက်ကမ္ဘာထဲသို့ တိုးဝင်သွားကာ သူ့အောက်ဘက် တိုင်းပြည်ကို တိုက်ခိုက်လာတော့တယ်။

"အင့်... ကိုစေ ကျွန်တော်..မရ...မရတော့ဘူး"

"ကိုယ်ဘာလုပ်လို့လဲ။ ဒီအတိုင်း သန့်ရှင်းရေးလုပ် ပေးတာလေ"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now