(Zawgyi)
မနက်စာစားဖို့ အောက်ဆင်းလာတော့ ခုံမှာထိုင်ကာ Tablet ကြည့်ရင်း ကော်ဖီသောက်နေသည့် အောင်စေပိုင်ကို တွေ့လိုက်ရသည်။ လွတ်နေရာ ခုံတစ်ခုမှာ ဝင်ထိုင်ပြီး ကော်ဖီနဲ့ပေါင်မုန့်ကိုသာ သောက်နေလိုက်တယ်။
တိတ်ဆိတ်ငြိမ်သက်လှသော လေထုကြောင့် သူကပဲ စကားစရန်အတွက် မျက်လုံးနှင့် ဟိုဟိုဒီဒီဝေ့ဝဲ ကြည့်လိုက်မိပြီး
"ဒေါ်ဒေါ်နွယ်ရော မရှိဘူးလားဟင်"
"ဒေါ်လေးက ဈေးသွားတယ်"
"အော် ဟုတ်"
Tablet ကို ကြည့်နေရာမှ တချက်မျက်လုံးလှန်ကြည့်လိုက်တော့ နှုတ်ခမ်းလေးကိုက်ကာ တစ်ခုခုပြောချင်နေပုံ ရသည့် ကောင်လေး။
"ပြောစရာရှိလို့လား"
"ဟို....ဟိုလေ...."
"အင်း...."
"ညက တစ်ခုခုဖြစ်ခဲ့သေးလား"
သူ့အမေးကို မျက်ခုံးတစ်ဖက်ပင့်ကြည့်လာသော အောင်စေပိုင်ကြောင့် ထပ်မံ၍ ရှင်းပြမိသည်။
"ဟို တမျိုးမထင်ပါနဲ့။ ကျွန်တော်မူးပြီး အမှားတခုခုများ လုပ်ခဲ့မိသေးလားလို့ မေးတာပါ"
မျက်စိရှေ့က ပြောနေသည့်ကောင်လေးကိုတချက်ကြည့်လိုက်တော့ စိတ်လှုပ်ရှားနေပုံပင်။
"ဘာမှမလုပ်ပါဘူး"
"အော် ဟုတ်ကဲ့"
ဘာဆက်ပြောရမှန်း မသိတော့သဖြင့် ကော်ဖီသောက်နေရင်းမှ အောင်စေပိုင်ကို တချက်ခိုးကြည့်လိုက်တော့ မျက်မှောင်တို့က တွန့်ခေါက်နေသည်။
နေပါအုံး။
ငါဘာပြောမိလို့လဲ။ခုနကတောင် အဲ့ဒီလိုမဟုတ်ပါဘူး စကားမှားသွားလို့ များလား။ မသိတော့ဘူး။"မင်းမှာ ငါ့ ဖုန်းနံပါတ် ရှိပြီ မဟုတ်လား"
"ဟုတ်....ဟုတ်ကဲ့"
"အင်း။ နောက်တခါ အရက်သောက်ထားရင် ခေါ်လိုက်။ တခြားသူတွေနဲ့ လိုက်မသွားနဲ့..."
"ဟုတ်.....ဟုတ်"
မျက်မှောင်ကြုံ့ပြောပြီး ကော်ဖီခွက်ကိုင်ကာ စားပွဲမှ ထသွားသည့် အောင်စေပိုင်ကို ကြည့်ရင်း အူကြောင်ကြောင် ကျန်ခဲ့သူမှာတော့ ဇေယျာတိုးပင် ဖြစ်သည်။
YOU ARE READING
နှလုံးသားအရင်းအနှီး [Complete]
Romanceအလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance သီးသန့်ပါ) Cover Art- Thwat Art Library အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ...