အပိုင်း ၁၈

9.3K 498 2
                                    

(Zawgyi)

"ဟာ ဇေယျတု ဒီနေ့ တယောက်ထဲပါလား။ မင်းဘဲကြီး လိုက်မပို့ဘူးလား"

"အေးလေ။ စခွက်က လောက်တက်နေလိုက်တာကွာ။ ဘာဖြစ်တာလဲ မင်းဘဲကြီးက ရက်ပိုင်းလေးတွဲပြီး မင်းကို ပစ်သွားလို့လား"

"တကယ်ကြီးလား။ မင်းဘဲကြီးမင်း ကိုထားသွားပြီလား"

နဂိုထဲက ဘဲကြီးမရှိလို့ စိတ်လေနေရသည့်အထဲ ဘေးကနှစ်ကောင်သားက တစ်ယောက်တစ်ပေါက်ဆီ ထိုင်ပြောနေကြတာမို့ စိတ်ကအချဉ်ပေါက်လာသည်။ ခွေးနှစ်ကောင်ကို ပယ်ပယ်နယ်နယ်ဆဲ ပစ်လိုက်ချင်သော်လဲ နွမ်းလျနေသည့် စိတ်ကြောင့် ဆဲဆိုချင်သည့်စိတ်တို့ပင် ပျောက်ကွယ်နေရသည်။

ဘဲကြီးကို သူ တကယ်ကြီး လွမ်းနေမိတာပဲ။
ဒီလိုလွမ်းရသည့် ခံစားချက်ကြီးကို မကြိုက်လိုက်တာ။

အရင်လို စလိုက်သည်နှင့် ဇေယျာတိုး၏ ပြန်ရန်တွေ့သံများ ဆဲဆိုသံများ ထွက်မလာ၍ ထင်သည် မင်းဇော်က အတည်ပေါက်ကြီး မေးလာလေသည်။

"ဟရောင့် ဘာဖြစ်နေတာလဲ။ မင်းဘဲကြီးနဲ့ တကယ် အဆင်မပြေဘူးလား"

"မဟုတ်ပါဘူးကွာ။ သူအလုပ်ကိစ္စနဲ့ ခရီးသွားလို့"

"ငါ့ လခွီးတဲ့မှပဲ ဇေယျတုရေ။ ခရီးလေး သွားတာကိုပဲ လင်သေသလို မှိုင်နေရလား"

"အေးလေ။ မသိရင် လင်ပစ်သွားတဲ့ရုပ်နဲ့"

"သားကြီးတို့ ငါပြောစရာတစ်ခုရှိတယ်"

စိတ်ပျက်လက်ပျက် ဖြစ်နေသော အသံကြောင့် ဖြိုးပိုင်အောင်ရော မင်းဇော်ပါ မနောက်ရဲတော့ပဲ သေချာ နားထောင်လာကြသည်။

"အေး ပြောလေ" "ပြော ပြော"

"ငါ ဘဲကြီးကို တကယ်ကြိုက်နေပြီထင်တယ်"

"ဖြီး....."

"ဘယ္လို ဘယ္လို"

နှစ်ယောက်သားက အာမေဋိတ်အသံများနှင့် ထိုသို့တုံ့ပြန်ကြသည်။

"ငါတို့က မင်းနဲ့ မင်းဘဲကြီးကို စနေတာပါ။ မင်းမကြိုက်ရင် ငါတို့ နောက် မစတော့ပါဘူးကွာ"

"အေးကွာ။ ဟုတ်ပါတယ်။ မင်းမကြိုက်ရင်မစတော့ဘူး။ အလောင်းအစားလဲ မလုပ်တော့ပဲ ပြီးသွားပြီပဲကို။ ဟုတ်တယ်မလား။ အဲ့တာကြောင့် မင်းလဲ ငါတို့ကိုမနောက်နဲ့တော့"

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now