The End

2.8K 271 24
                                    

[Unicode]

Jimin's point of view

အခန်းအပြင်ကော်ရစ်တာ ဆီက ဖိနပ်သံတွေနဲ့ ဟော်တယ်ဝန်ထမ်းတွေရဲ့ စကားသံကြောင့် နိုးလာခဲ့တဲ့အခါ အပြင်မှာရာသီဥတုက တော်တော်လေး ပြောင်းလဲနေတာကို တွေ့လိုက်ရတယ်။ခေတ်ဆန်ပြီးခန့်ညားလှပလွန်းတဲ့ ပြတင်းတံခါးရဲ့ အပြင်ဘက်မှာတော့ လေအေးတွေတဟူးဟူးတိုက်ခတ်လို့နေပြီး နှင်းလွှာထူထူရောပြွန်းနေတဲ့ တိမ်တိုက်တွေဟာ တရွေ့ရွေ့ပြေးလွှားလို့နေတယ်။

မနေ့ညက အိမ်မက်လို အဖြစ်အပျက်ပြန်တွေးမိပြီး ပြုံးလိုက်မိရင်းက အိပ်ယာပေါ်က လူးလဲထလိုက်တယ်။‌အခန်းမီးကိုပါတစ်ခါတည်းဖွင့်လိုက်ပြီး ပြတင်းတံခါးရဲ့ အပြင်ကိုလှမ်းကြည့်လိုက်တော့ ‌အဝေးဆီမှာ မှုန်ပြပြသာမြင်ရတဲ့ တောင်တန်း‌တွေပေါ်မှာ ဖြူစွတ်စွတ်နှင်းပုံလေးတွေက ခမောက်ဆောင်းထားသလို ဖြစ်နေတာကို မြင်လိုက်ရတယ်။နှင်းမှုန်တို့က ဝေ့ဝဲကျနေဆဲ။အခန်းထဲမှာကတော့ နွေးထွေးနေတယ်။ဒါပေမယ့် အအေးဓာတ်ကြောင့် ကျနော့်ရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်က နီရဲနေပြီ။

အဲ့ဒါနဲ့ အိပ်ယာပေါ်က ဂွမ်းကတ်စောင်ကို ဆွဲယူခြုံလိုက်ပြီး အပြင်ကရှုခင်းကို ဆက်ကြည့်နေမိတယ်။နှင်းတွေကို ကျနော်ချစ်တယ်။ဘာလို့လဲမေးရင်တော့ ‌ဒီအတိုင်း လှလို့လို့ပဲ ဖြေရမှာ။စောစောစီးစီး အေးနေပေမယ့်လည်း ပင်လယ်ကမ်းစပ် နံဘေး သောင်ပြင်တန်း ဖြူဖြူမှာ လမ်းလျှောက်ထွက်နေတဲ့ သူတွေကို မြင်ရတယ်။မော်တော်ကားတွေရဲ့ အမိုးပေါ်မှာ နှင်းလွှာတွေ တင်နေတယ်။သစ်ပင်သစ်ကိုင်းတွေဟာလည်း ဆီးနှင်းနဲ့ ‌တိုက်ခတ်နေတဲ့ လေအေးအေးအောက် တယိမ်းယိမ်း လှုပ်ခတ်လို့။

ကျနော်ကြည့်နေရင်း ခဏအကြာမှာ အခန်းအပြင်က ဆရာမရဲ့ အသံကိုကြားရတော့တယ်။

" ဆာကုရာအီစံ နိုး‌နေပြီလားကွယ့် အပြင်ကိုကြည့်လိုက်စမ်းပါဦး နှင်းတွေကျနေလိုက်တာကွယ် "

" ဟုတ်ကဲ့ ကျနော် နိုးနေပါပြီ ဆရာမ " လို့ ဆရာမကို ပြန်ပြောလိုက်ရင်း အဝတ်အစားလဲ ပြင်ဆင်ဖို့ လုပ်ရတော့တယ်။နောက်ထပ် တစ်နေ့တာကိုစရတော့မှာပေါ့။

The Kitchen[completed]Where stories live. Discover now