part (1)

7K 562 16
                                    

Jimin's point of view

ကျနော် ဒီလောကကြီးထဲမှာ အနှစ်သက်ဆုံးနေရာဆိုရင်တော့ မီးဖိုချောင်ပါပဲ။
ဘယ်လို မီးဖိုချောင် အမျိုးအစား ပဲဖြစ်နေနေ ထမင်းဟင်း ချက်လို့ရတယ်ဆိုရင် ကျနော်ကတော့ သဘောကျတာပဲ။
အသုံးများတဲ့ မီးဖိုချောင်ဆိုရင်လည်း ကျနော်ကြိုက်ပါတယ်။အဲ..ခြောက်သွေ့သန့်ရှင်းပြီး ဖြူဖွေးတောက်ပတဲ့ ကြွေပြားလေးတွေ ခင်းထားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

အဲ့လိုသာပြောပေမယ့် ကျနော်က ညစ်ပေနေတဲ့ မီးဖိုချောင်ဆိုရင်လည်း သဘောကျတာပါပဲ။ ကြမ်ပြင်ပေါ်မှာ ခွာထားတဲ့ကြက်သွန်ခွံတွေ၊ ဟင်းရွက်တွေ ဖွာလန်ကြဲနေပြီး ဖိနပ်နောက်မြီးမှာတောင် ဆီချေးအထပ်ထပ်ကပ်နေတဲ့ မီးဖိုချောင်မျိုး ဖြစ်နေရင်တောင် အခန်းက ကျယ်ကျယ်ဝန်းဝန်း ရှိမယ်ဆိုရင် ကျနော်သဘောကျပါတယ်။ အဲ့ဒါ ကျနော်တို့အိမ်က မီးဖိုချောင်ပုံစံလေ။ မီးဖိုချောင်ထဲမှာက ဟင်သီးဟင်းရွက်တွေ အသားငါးတွေ အပြည့်ထည့်ထားတဲ့ ရေခဲသေတ္တာအိုကြီးရယ်၊ ဆီချေးတွေပေကြံနေတဲ့ ဂတ်စ်မီးဖိုကြီး တစ်လုံးရယ်၊ သံချေးတွေ တက်နေတဲ့ ဓားတွေရယ် ရှိတယ်။ မီးဖိုချောင်ရဲ့ အပြင်ဘက်ကို မျှော်ကြည့်ရင်တော့ မဲနက်နေတဲ့ ကောင်းကင်ပြင်မှာ ကြယ်လေးတွေ တဖိတ်ဖိတ် လက်နေတာကို ကျနော်အမြဲ တွေ့ရတတ်တယ်။

အခုတော့ ကျနော့်အိမ်မှာ ကျနော်ရယ် မီးဖိုချောင်ကလေးရယ်ပဲ ကျန်ခဲ့တော့တယ်။ တစ်ယောက်တည်းဖြစ်နေတာထက်စာရင်တော့ တော်သေးတာပေါ့လေ။

ဂျောင်ကုခွန် တို့အိမ် မရောက်ခင်ကဆိုရင် ကျနော်လေ ညတိုင်းမီးဖိုချောင်ထဲမှာပဲ အိပ်ခဲ့ရတယ်။

အိမ်က ဘယ်လိုနေရာပဲ ဖြစ်ဖြစ် တဖြောင့်တည်း အိပ်လို့မရလို့ ဟိုနေရာရွေ့ဒီနေရာရွှေ့နဲ့ နောက်ဆုံးမီးဖိုချောင်ဘေးကရေခဲသေတ္တာဘေးမှာ မိုးလင်းခဲ့ရတာများတယ်။
ကျနော့်နာမည်အပြည့်အစုံက
ဆာကူရာအီ ဂျီမင်း ပါ။ ကျနော့်မိဘ နှစ်ပါးလုံးက ငယ်ငယ်ကပဲ ဆုံးသွားခဲ့ကြတယ်။ဒါကြောင့်မို့ အဘိုးအဘွားတွေရဲ့ လက်ထဲမှာပဲ ကြီးပြင်းခဲ့ရတာပေါ့။ကျနော် အလယ်တန်းရောက်တော့ အဘိုးကဆုံးသွားပြန်တယ်။ဒီလိုနဲ့ပဲ ကျနော်နဲ့ အဘွားနှစ်ယောက်တည်း ကျန်ခဲ့ရတာပေါ့လေ။

The Kitchen[completed]Donde viven las historias. Descúbrelo ahora