part (5)

2.1K 346 13
                                    

Jimin's point of view

ကျ​နော်​ပထမပိုင်း​တော့ အရမ်းရင်းနီးပွင့်​လင်းတဲ့ သူတို့ သားအမိနဲ့ သိပ်​အသားမကျ​သေးဘူးဗျ။
နောက်​ပြီး အိမ်​​ဟောင်းနဲ့ ​ဂျောင်​ကုစံတို့အိမ်​ကို ကူးချည်​သန်းချည်​လုပ်​​နေတာကလည်း တယ်​ပြီးမလွယ်​လှဘူး။ဒါ​ပေမယ့်​ဗျာ ကျ​နော့်​ဘဝက အရင်​ကတည်းကလည်း ​ရေးကြီးသုတ်​ပြာ
နိုင်​လွန်းတယ်​။အခုလို ​ဂျောင်​ကုတို့အိမ်​မှာ ​နေခွင့်​ရတာကိုက ကျ​နော့်​အတွက်​​တော့ ဘုရားသခင်​ရဲ့ ကံ​ကောင်းမှုလို့​ပြောရမယ်​။

တစ်​​နေ့ ကျ​နော်​ အိမ်​​ဟောင်းမှာကျန်​ခဲ့တဲ့ ပစ္စည်း​တွေကို သွားသိမ်းဖို့လုပ်​တဲ့​နေ့​ပေါ့။
ပြင်​ဆင်​စရာရှိတာ​လေး​တွေလည်း ပြင်​ဆင်​ရ​အောင်​လို့ပါ။ကျ​နော့်​ရဲ့ အိမ်​တံခါး​လေးကိုလည်း ဖွင့်​လိုက်​​ရော ရင်​ထဲမှာ ဆို့တတ်​သွားတယ်​။ လူမ​နေတာကြာသွားတဲ့ ကျ​နော့်​ရဲ့ အခန်း​လေးက တခြားကမ္ဘာလိုပဲ။မှောင်​မိုက်​​နေလိုက်​တာ။

အလင်း​ရောင်​ကင်းမဲ့​နေတဲ့ အခန်း​လေးမှာ အရာရာဟာ​နေသားတကျနဲ့ ရှိလို့​နေတယ်​။ အဘွားဆုံးပြီး​နောက်​ပိုင်းကတည်းက ဒီအခန်း​လေးလည်းအသက်​မဲ့ ကြည်​နူးစရာ​လေး​တွေလည်း ဇိဝိန်​ချုပ်​သွား​တော့တာပဲ။
ကျ​နော်​​တော့ စိတ်​ထဲက​နေပြီး အခန်း​လေးကို "အကိုပြန်​​ရောက်​လာပြီ" လို့ နှုတ်​မဆက်​ဘဲ
"​တွေ့ရတာဝမ်းသာပါတယ်​" လို့ပဲ နှုတ်​ဆက်​ပြီး အခန်း​လေးထဲဝင်​ခဲ့မိတယ်​။

ကျ​နော်​အဘိုးရဲ့ နာရီ​ဟောင်းက​လေးကို ယူသွားဖို့ ဖြုတ်​သိမ်းခဲ့တယ်​။ပြီးမှ ဖုန်​​တွေ လိုက်​တိုက်​​နေခဲ့တာ ​ရေခဲ​သေတ္တာကို တိုက်​​နေတုန်း တယ်​လီဖုန်းက ထမြည်​လာတယ်​။

ကျ​နော်​ စိတ်​မပါလက်​မပါနဲ့ ဖုန်းကို​ဖြေလိုက်​​တော့ တစ်​ဖက်​ကဆက်​တာ ရူးတား​ရော ဖြစ်​​နေတယ်​။
ရူးတား​ရော က ကျ​နော့်​ရဲ့ ချစ်​သူ​ဟောင်းပါ။
အဘွားအသည်းအသန်​ဖြစ်​​နေချိန်​ ကျ​နော်​တို့ ပြတ်​သွားကြတာ။ ​နောက်​ပြီး သူတို့ရဲ့ မိဘ​တွေက ​ရှေးရိုးဆွဲ​တွေ ဖြစ်​တဲ့အတွက်​ 
ယောက်ျား​လေးချင်း ချစ်​တာကို သိပ်​သ​ဘောမ​တွေ့ကြဘူး။အဲ့ဒါ​တွေ​ကြောင့်​လည်း ပါတယ်​။

The Kitchen[completed]Where stories live. Discover now