part (8)

1.8K 270 4
                                    

Jimin's point of view

ဂျောင်​ကုခွန်​တို့ အိမ်​ကိုပြန်​​ရောက်​​တော့ အ​တော်​​လေး ညဉ့်​နက်​​နေပြီ။

" အိပ်​ချင်​ပြီ "လို့အိမ်​ထဲဝင်​လာလာချင်း ​ဂျောင်​ကုကို​ပြောလိုက်​ပြီး ကျ​နော့်​ရဲ့ ဆိုဖာ​လေး​ပေါ် တန်းဝင်​ခဲ့​တော့တယ်​။အ​တော်​​လေးပင်​ပန်းခဲ့တဲ့​နေ့ပဲ ဒါ​ပေမယ့်​ ကျ​နော်​လမ်းမှာ ငိုခဲ့​သေးလို့လာမသိဘူး။အ​တော်​​လေး​ပေါ့ပါး​နေတယ်​။

" ဟယ်​ တကယ်​အိပ်​​ပျော်​သွားပြီလား "

မီးဖိုထဲက လက်​ဖက်​ရည်​ကြမ်းပွဲ​လေး သယ်​လာတဲ့ ​ဂျောင်​ကုရဲ့အသံကိုမပီမသကြားလိုက်​ရ​သေး၏။

ကျ​နော်​က အိမ်​မက်​​တောင်​မက်​​နေပြီ။

ဒီ​နေ့ပဲကျ​နော်​ထားခဲ့တဲ့အခန်း​လေးကိုပြန်​​ရောက်​​နေတာ။မီးဖို​ချောင်​ထဲက ​ရေအင်​တုံကိုသန့်​ရှင်း​ရေးလုပ်​​နေတာတဲ့ဗျ။ကျ​နော်​တို့မီးဖို​ချောင်​ကြမ်းပြင်​က စိမ်းဖန့်​ဖန့်​အ​ရောင်​ကို ​နေခဲ့စဉ်​က​တော့ အရမ်းမုန်းတာ။အခု​တော့မ​ရောက်​တာ ကြာလို့ပဲလားမသိဘူး။ဒီအ​ရောင်​​လေးကိုပဲသ​ဘောကျ​နေသလို။

ကျ​နော်​အိမ်​မက်​ထဲမှာ ​နောက်​ကိုလှည့်​ကြည့်​လိုက်​​တော့ ​ဂျောင်​ကု ကအဝတ်​စုတ်​တစ်​ခုနဲ့ကြမ်းပြင်​ကိုကူတိုက်​​ပေး​နေတယ်​။အမယ်​..အ​တော်​​လေးအားကိုးရပါ့လား။

" ခဏနားပြီးလက်​ဖက်​ရည်​​လေး​သောက်​ကြစို့လား "

ကျ​နော်​​ပြောလိုက်​တယ်​။ဘာပစ္စည်းမှသိပ်​မရှိ​တော့တာမို့ကျ​နော့်​အသံက ဟိန်းထွက်​လာတယ်​။ပစ္စည်း​တွေမဲ့​နေတဲ့အခန်းဟာ ပိုကျယ်​လာသလိုပဲ။

" အင်း "

သူက​မော့ကြည့်​ရင်း အင်းလိုက်​တယ်​။

ပြောင်း​တောင်​ပြီးသွားတဲ့အခန်းကိုအခုလို အားတတ်​သ​ရော ကူပြီးလုပ်​​ပေး​နေတာ ကျ​နော့်​အ​နေနဲ့​တော့ ပိုသလိုခံစားရတယ်​။ဒါ​ပေမယ့်​ ​ဂျောင်​ကုရဲ့သဘာဝကိုက အလုပ်​တစ်​ခုကိုလုပ်​ရင်​အဲ့လိုပဲ​လေ။သဲကြီးမဲကြီး လုပ်​​နေရှာတယ်​။

The Kitchen[completed]Where stories live. Discover now