Part (11)

1.4K 240 13
                                    

[Zawgyi]

Jimin's point of view

ဆောင်းဦးပေါက်ကုန်ခါနီးလောက်မှာ အဲရီးကိုးတစ်ယောက် ဆုံးပါးသွားတော့တယ်။

သူဆုံးသွားရတဲ့အကြောင်းကလည်း တခြားဆိုဖြေ သာနိုင်သေးရဲ့။ အခုဟာက ရူးကြောင်ကြောင်လူ တစ်ယောက်ရဲ့ လိုက်ချောင်းပြီး သတ်တာကို ခံလိုက်ရတာတဲ့။

အဲ့ဒီလူက အဲရီးကိုးကို ဈေးရဲ့တစ်နေရာမှာ အမှတ်မထင်တွေ့မိရင်း စိတ်ဝင်စားသွားတယ်။အဲ့ဒါနဲ့ အဲရီးကိုး နောက်ကိုလိုက်တော့တာပေါ့။ အဲ့လိုလိုက်နေရင်း အဲရီးကိုးဟာ မိန်းမလျှာတွေ အလုပ်လုပ်နေတဲ့ အရက်ဆိုင်မှာ လုပ်နေတာကိုသိရပြီး သူချစ်နေတဲ့ မိန်းမချောလေးဟာ မိန်းမလျှာဖြစ်နေတာကို သိခဲ့ရတော့တယ်။

သူရူးရူးမူးမူးချစ်နေမိတဲ့သူဟာ မိန်းကလေးအစစ်မဟုတ်ဘဲ မိန်းမလျှာဖြစ်နေတဲ့ အတွက် အလွန်ဝမ်းနည်းကြောင်းစာတွေ အများကြီးရေးကာ ဆက်တိုက်ပေးခဲ့တယ်။

ပြီးတော့ သူဟာ အဲ့ဒီဆိုင်ကို မကြာခဏဆိုသလို အဝင်အထွက်လုပ်တယ်။သူလာပါများလေလေ အဲရီးကိုးနဲ့ ဆိုင်ကလူတွေဟာ အဲ့ဒီလူကို မျက်မုန်းကြိုးလေလေဖြစ်လာခဲ့တယ်။တစ်နေ့မှာတော့ အဲ့ဒီလူတွေကို မကျေနပ်ဘဲ မူးမူးရူးရူးနဲ့ ပက်ရမ်းရင်း သူ့ကို မထီမဲ့မြင်ပြုရပါ့မလားဆိုပြီး အဲရီးကိုးကို ဓားနဲ့ ထိုးလိုက်တယ်။တကယ်တော့ ဘာမှမဆိုင်ဘဲ အဲရီးကိုးဟာ ကံဆိုးသွားရရှာတာပဲ။

အဲရီးကိုးဟာ ဒီအတိုင်းသေ သွားတာတော့မဟုတ်ခဲ့ပါဘူး။သူဟာ သွေးတွေ ဒလဟော စီးကျနေတဲ့ ဒဏ်ရာကို လက်နဲ့ဖိထားရင်းဆိုင်မှာ အလှချိတ်ထားတဲ့ သံမဏိခေါင်းလောင်းကို ကျန်လက်တစ်ဖက်နဲ့ဖြုတ်ယူကာ အဲ့ဒီအရူးကို ထုပစ်လိုက်တယ်၊ဟိုလူလည်း နေရာမှာတင် တစ်ခါတည်း ပွဲချင်းပြီးပဲ။ ပြီးမှ ဒဏ်ရာကို ဖိရင်း အဲရီးကိုးဟာ " ကိုယ့်ကို စော်ကားတဲ့သူကို ပြန်ခုခံတာ လူသတ်မှုတော့ မမြောက်ပါဘူးနော် " လို့ မနည်းအားယူပြောပြီး မှ ဆုံးပါးသွားတာပဲ လို့ သိရတယ်။

ကျနော် အဲ့ဒီသတင်းဆိုးကို ကြားရတဲ့အချိန်က အရာရာ အခြေတကျဖြစ်ပြီးနေတဲ့အချိန်။ တိုက်ခန်းအသစ် မှာရော ပြီးတော့ အလုပ်မှာရော။ ဆောင်းတွင်းပိုင်းမှာ အကုန်အပြီးသတ်ဖြစ်နေပြီ။

The Kitchen[completed]Where stories live. Discover now